တနင်္ဂနွေပွဲမှာ လီဗာပူးကို မန်စီးတီးတို့ ဂိုးဘယ်လောက်တောင် သွင်းမလဲ ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆန်

ဒီအပတ် လီဗာပူးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့မှု ပွဲစဉ်အတွက် နာမည်ကျော် ဘောလုံးခန့်မှန်းသူ ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းချက်ကို ဖော်ပြမှာဖြစ်ပါတယ်။

ပေါလ်မာဆန်က ” ဖာမင်နိုနဲ့ နူးညက်စ်တို့က ပုံစံကောင်းတွေ ရနေပါတယ်။ တိုက်စစ်သမားတွေက လီဗာပူးကို ကယ်တင်နေတယ်။ ဒီယက်စ် ဒဏ်ရာရသွားတော့ ဘယ်ခြမ်းကို တစ်ယောက်ယောက် ဖြည့်ပေးဖို့ လိုအပ်နေတယ်။ ပွဲကြီးတွေမှာ ကစားသမားတွေ ပုံမှန်နေရာ မဟုတ်ဘဲ ကစားရတာက ခက်ခဲပေမယ့် ဒီပွဲမှာ နူးညက်စ်ကတော့ ပွဲထွက်ရမှာပါ။

ဖာမင်နို နောက်နည်းနည်းချပြီး ကစားရင် လီဗာပူးက တိုက်စစ်သမား ၄ ဦးလုံးကို ပွဲထုတ်လို့ ရပါတယ်။ အာဆင်နယ်ပွဲမှာ သူတို့ တိုက်စစ်သမား အများကြီး ထုတ်သုံးခဲ့ပြီး ကွင်းလယ်ရဲ့ အကူအညီ လိုအပ်ခဲ့တယ်။ ဖာမင်နို ပွဲထွက်က မပါချိန် တိုက်စစ်သမား ၄ ဦး ပွဲထုတ်တာက လီဗာပူးအတွက် အဆင်မပြေခဲ့ပါဘူး။

ဆာလာ အတွင်းကို ပြေးလွှားနိုင်ချိန်တွေမှာ လီဗာပူးရဲ့ ကစားဟန်က သိပ်ကောင်းပါတယ်။ ပြဿနာက နူးညက်စ်က တိုက်စစ်ပိုင်း နေရာလွတ်တွေကို အသုံးချနေတာကြောင့် ဆာလာက အဲ့လို ဝင်ပြေးတာတွေ မလုပ်နိုင်ပါဘူး။ ကလော့ပ်က ဒီပြဿနာကို ကြိုမတွေးထားဘဲ အမြန်ဆုံး ဖြေရှင်းဖို့ လိုပါတယ်။

အာဆင်နယ်ကို ရင်ဆိုင်ရာမှာ ဂိုးမက်စ်က အစွန်နေရာ ကစားခဲ့တယ်။ သူက ဖိုဒန်၊ ဂရီလစ်တိုကို ထိန်းချုပ်ဖို့ ရုန်းကန်ရမှာပါ။ ဟာလန်းက ဗန်ဒိုက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်တန်း ဂိုးသွင်းရှင်ကို ထိန်းချုပ်ရတာက ခက်ခဲမှာဖြစ်သလို နှစ်ဦးလုံးအတွက် စိတ်ဝင်စားစရာ စိန်ခေါ်မှုပါပဲ။

ဒီနှစ်တွေမှာ လီဗာပူးတို့ သိပ်ကောင်းပေမယ့် ကစားသမားကောင်း အချို့ကို လက်လွတ်ရတာက ပြဿနာတွေဖြစ်စေခဲ့တယ်။ ဒီအပတ်ပွဲမှာ ဆာလာက ခြေစွမ်းပြဖို့ လိုပါတယ်။ လီဗာပူးနိုင်မယ်ထင်လားဆိုရင်တော့ မထင်ပါဘူး။ သူတို့ ဂိုးတွေ အရမ်းပေးနေရပြီး ဟာလန်းကို ရလိုက်တဲ့ မန်စီးတီးက ပွဲတွေကို နိုင်နေဆဲပါ။

လီဗာပူးက ဒီအပတ်ပွဲမှာ အနည်းဆုံး ၂ ဂိုးသွင်းမယ့် မန်စီးတီးကို ရပ်တန့်နိုင်မယ်လို့ ကျနော်တော့ မထင်ပါဘူး ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

ပေါမာဆန်ရဲ့ ပွဲရလဒ်ခန့်မှန်းကတော့ မန်စီးတီးက ၃ ဂိုး လီဗာပူးအသင်း ၁ ဂိုးဖြင့် မန်စီးတီး အနိုင်ရသွားမယ်လို့ ဖြစ်ပါတယ်။