ဒီည ချယ်ဆီးနဲ့ မန်ယူ ပွဲ ဘယ်လို ရလဒ် ထွက်လာမလဲ ဟောကိန်း ထုတ်သွားတဲ့ ဝါရင့်ကြီး လော်ရိုး

ဒီနေ့ည စတန်းဖို့ဘရစ်ချ်ကွင်းမှာ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပရီးမီးယားလိဂ် ပွဲ အဖြစ် ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဒီနှစ်သင်းဟာ ဒီနေ့ စနေနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင် ကစားကြရမှာပါ။

ဝါရင့် ဘောလုံးပွဲ သုံးသပ်သူကြီး ဖြစ်တဲ့ လော်ရိုးက ဒီည ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက ” စပါးကို ရင်ဆိုင်တုန်းက ယူနိုက်တက်တို့ သက်သောင့်သက်သာ အနိုင်ရခဲ့ပြီး ဘရန့်ဖိုဒ့်ပွဲမှာ ချယ်ဆီးက သရေကျထားတယ်။ ဂရေဟမ် ပေါ်တာရဲ့ အသင်းက ဖြေးဖြေးချင်း ကောင်းလာနေပါတယ်။ သူ့အသင်းအတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို စပြီး လေ့လာနေတယ်။

ရင်ခုန်စရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာဖြစ်ပြီး ကျနော်ကတော့ အိမ်ရှင်တွေ အနိုင်ရမယ် ထင်ပါတယ်။ ရော်နယ်ဒို ဒီပွဲမှာ လိုက်ပါခွင့်ရမလားက မေးခွန်းကြီးတစ်ခု ဖြစ်နေပါလိမ့်မယ်။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒို ကို ချန်လှပ်ထားမယ်လို့ အတည်ပြု ကြေညာထားပြီး တိုက်စစ်မှုး မာရှယ်လည်း ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ယူနိုက်တက် နည်းပြ တန်ဟက်ဟာ နည်းပြ ပေါ်တာနဲ့ ဒီရာသီ အစောပိုင်းမှာ ထိပ်တိုက်တွေ့ခဲ့ပြီး ထိုစဉ်က ယူနိုက်တက်ဟာ ဘရိုက်တန်ကို အရေးနိမ့်ခဲ့တာပါ။