ဟာလန်း ပါ၊ မပါ က ပွဲရလဒ် အပေါ် သက်ရောက်မယ် ဆိုတဲ့ လက်စတာ Vs မန်စီးတီး ပွဲ အတွက် သုံးသပ် ခန့်မှန်းချက်
ဒီနေ့ ညနေ မြန်မာစံတော်ချိန် ၆ နာရီ အချိန်မှာတော့ လက်စတာစီးတီးနဲ့ မန်ချက်စတာ စီးတီးတို့ဟာ လက်စတာတို့ရဲ့ ကင်းပါဝါ ကွင်းမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ထိပ်တိုက် တွေ့ကြတာ့မှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က လက်စတာနဲ့ မန်စီးတီးတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ဒီပွဲက ပြောရခက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟာလန်းက ကစားနိုင်ပါ့မလားဆိုတာ ကျွန်တော်မသိဘူး။ သူ မပါရင် မန်စီးတီးက တခြား ပုံစံ တမျိုးနဲ့ လုပ်ဖို့လိုလိမ့်မယ်။ လက်စတာက တစ်ပတ် နားခဲ့ရရုံတင်မက ခံစစ်ပိုင်း အများကြီး ပိုကောင်းလာပြီး ဂျိမ်းစ် မက်ဒီဆင်၊ ဟာဗေးဘန်းစ်တို့ရဲ့ တိုက်စစ်ခြိမ်းခြောက်မှုလဲ ရှိနေတယ်။
လက်စတာက လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်လောက်ကထက် စာရင် အခုက စီးတီးကို ပိုယှဉ်နိုင်တဲ့ အနေအထား ရောက်နေတယ်။ ဒါပေမယ့် မန်စီးတီးက လက်စတာအတွက် အတော်လေးကို မြင့်မားတဲ့ ပြိုင်ဘက် ဖြစ်နေဦးမှာပါ။ ” လို့ ဆက်တန်က သုံးသပ် ခန့်မှန်းထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ လက်စတာစီးတီး ၁-၃ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။
Zawgyi