ကမ္ဘာ့ဖလားရှိလည်း ညှာမှာ မဟုတ်တဲ့ မန်စီးတီးရဲ့ ဒီအပတ် ဘရန့်ဖို့ဒ်နဲ့ ပွဲ အတွက် ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ စီးတီးဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် နောက်ဆုံး ပွဲအဖြစ် ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ် အသင်းကို အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ ညနေ ၇ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က မန်စီးတီးနဲ့ ဘရန့်ဖို့ဒ် အသင်းတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ကြားရက်က ကာရာဘောင်းပွဲမှာ နည်းပြ ကွန်တီက အင်္ဂလန် တိုက်စစ်မှူး ကိန်းက ပွဲပန်းနေကြောင်းနဲ့ ကမ္ဘာဖလား မတိုင်ခင် ကစားသမားတွေကို အနားပေးဖို့ ခက်ခဲစွာ စဉ်းစားရမယ့် ကိစ္စကို ထုတ်ပြောခဲ့တယ်။

အားလုံးက ဖိအားတွေနဲ့ဆိုပေမယ့် ပက်က မန်စီးတီး အနိုင်ရဖို့ပဲ ဦးစားပေးမှာဖြစ်ပြီး ဘယ်သူ့ ဘယ်သူကိုမှ ပ,စားပေးမှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ အပတ်တုန်းက မန်စီးတီးဟာ ဖူလ်ဟမ်ကို ၁၀ ယောက် ကျန်တည်းနဲ့ ခက်ခဲစွာ ယှဉ်ပြိုင်ခဲ့ရတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ သူတို့တွေ ပိုပြီး တိုက်စစ်ကစားကြမယ် ထင်ပါတယ်။

ဘရန့်ဖိုဒ့်က အဝေးကွင်းဆိုရင် သူတို့ အိမ်ကွင်းမှာလို မဟုတ်ဘဲ ဒီရာသီ အဝေးကွင်း နိုင်ပွဲ မရသေးပါဘူး။ ဒီတစ်ကြိမ် မှာလည်း အဲ့ဒီ မှတ်တမ်းက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်စီးတီး ၄-ဝ ဘရန့်ဖို့ဒ် ဖြစ်ပါတယ်။