ရီးရဲလ်မှ တပည့်ကျော် တိုနီခရူးစ်ကို လစာ ပိုပေးပြီး ခေါ်ဖို့ ခြေလှမ်းပြင်လာတဲ့ ပက် ဂွာဒီယိုလာ
မန်ချက်စတာ စီးတီးအသင်းဟာ ရီးရဲလ် မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်လူ တိုနီခရူးစ်ကို လုပ်ခလစာ လက်ရှိ ရနေတာထက် ပိုပေးကာ ခေါ်ယူဖို့ စီစဉ်နေကြောင်း သတင်းရရှိပါတယ်။
အသက် ၃၂ နှစ် အရွယ်ရှိ ဂျာမန်ကွင်းလယ်ဗိုလ်ချုပ်ဟာ ရီးရဲလ်အသင်းနဲ့ ယခုရာသီအကုန် စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်သလို ရီးရဲလ် မက်ဒရစ် အသင်းဘက်ကလည်း စာချုပ်သစ်နဲ့ ပတ်သက်ပြီး စကားမစသေးတာကြောင့် မန်စီးတီးအသင်းက ကြိုတင် လက်ဦးမှု ရယူလိုနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် နည်းပြ ဂွာဒီယိုလာဟာ ဘိုင်ယန်မြူးနစ်အသင်းကို တာဝန်ယူခဲ့စဉ်ကတည်းက ခရူးစ်ရဲ့ စွမ်းဆောင်ရည်တွေကို ကောင်းကောင်း သိရှိထားတာကြောင့် ချန်ပီယံလိဂ်ဖလား မျှော်လင့်ချက်အတွက် ခရူးစ်ကို ထပ်မံ ခေါ်ယူ အင်အား ဖြည့်တင်း လိုနေတာ ဖြစ်ပါတယ်။
တိုနီခရူးစ်ဟာ လက်ရှိ လုပ်ခ တစ်နှစ် ယူရို ၉ သန်းခန့်နဲ့ ရီးရဲလ်အတွက် ကစားပေးနေသူ တစ်ယောက်ဖြစ်သလို မန်စီးတီး အသင်းရဲ့ တစ်ပါတ်လုပ်ခ ပေါင် ၂၃၀၀၀၀ ဟာ တစ်နှစ်စာ ယူရို ၁၄ သန်းအထိ တန်ကြေးရှိနေတာကြောင့် ကစားသမားကို ကျိန်းသေပေါက် စွဲဆောင်လာနိုင်ဦးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ခရူးစ်ကိုယ်တိုင်ကလည်း နည်းပြတွေ အနက် ဂွာဒီယိုလာကိုသာ ဦးစားပေး ရွေးချယ်ခဲ့သလို ဂွာဒီယိုလာကြောင့် မိမိ ပိုမို တိုးတက်လာကြောင်း ဖွင့်ဟဝန်ခံခဲ့တာကြောင့် ခရူးစ်နဲ့ ဂွာဒီယိုလာတု့ိရဲ့ ပြန်လည် ပေါင်းထုပ်ခန်းက ပရိသတ်တွေ အတွက် စိတ်ဝင်စားစရာ ကောင်းလာဦးမှာ ဖြစ်ပါတယ်။

Zawgyi
မန္ခ်က္စတာ စီးတီးအသင္းဟာ ရီးရဲလ္ မက္ဒရစ္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ကြင္းလယ္လူ တိုနီခ႐ူးစ္ကို လုပ္ခလစာ လက္ရွိ ရေနတာထက္ ပိုေပးကာ ေခၚယူဖို႔ စီစဥ္ေနေၾကာင္း သတင္းရရွိပါတယ္။
အသက္ ၃၂ ႏွစ္ အ႐ြယ္ရွိ ဂ်ာမန္ကြင္းလယ္ဗိုလ္ခ်ဳပ္ဟာ ရီးရဲလ္အသင္းနဲ႔ ယခုရာသီအကုန္ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာ ျဖစ္သလို ရီးရဲလ္ မက္ဒရစ္ အသင္းဘက္ကလည္း စာခ်ဳပ္သစ္နဲ႔ ပတ္သက္ၿပီး စကားမစေသးတာေၾကာင့္ မန္စီးတီးအသင္းက ႀကိဳတင္ လက္ဦးမႈ ရယူလိုေနတာ ျဖစ္ပါတယ္။
ဒါ့အျပင္ နည္းျပ ဂြာဒီယိုလာဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို တာဝန္ယူခဲ့စဥ္ကတည္းက ခ႐ူးစ္ရဲ႕ စြမ္းေဆာင္ရည္ေတြကို ေကာင္းေကာင္း သိရွိထားတာေၾကာင့္ ခ်န္ပီယံလိဂ္ဖလား ေမွ်ာ္လင့္ခ်က္အတြက္ ခ႐ူးစ္ကို ထပ္မံ ေခၚယူ အင္အား ျဖည့္တင္း လိုေနတာ ျဖစ္ပါတယ္။
တိုနီခ႐ူးစ္ဟာ လက္ရွိ လုပ္ခ တစ္ႏွစ္ ယူ႐ို ၉ သန္းခန႔္နဲ႔ ရီးရဲလ္အတြက္ ကစားေပးေနသူ တစ္ေယာက္ျဖစ္သလို မန္စီးတီး အသင္းရဲ႕ တစ္ပါတ္လုပ္ခ ေပါင္ ၂၃၀၀၀၀ ဟာ တစ္ႏွစ္စာ ယူ႐ို ၁၄ သန္းအထိ တန္ေၾကးရွိေနတာေၾကာင့္ ကစားသမားကို က်ိန္းေသေပါက္ စြဲေဆာင္လာႏိုင္ဦးမွာ ျဖစ္ပါတယ္။
ဒါ့အျပင္ ခ႐ူးစ္ကိုယ္တိုင္ကလည္း နည္းျပေတြ အနက္ ဂြာဒီယိုလာကိုသာ ဦးစားေပး ေ႐ြးခ်ယ္ခဲ့သလို ဂြာဒီယိုလာေၾကာင့္ မိမိ ပိုမို တိုးတက္လာေၾကာင္း ဖြင့္ဟဝန္ခံခဲ့တာေၾကာင့္ ခ႐ူးစ္နဲ႔ ဂြာဒီယိုလာတု႔ိရဲ႕ ျပန္လည္ ေပါင္းထုပ္ခန္းက ပရိသတ္ေတြ အတြက္ စိတ္ဝင္စားစရာ ေကာင္းလာဦးမွာ ျဖစ္ပါတယ္။
