ဖိအားရှိနေတဲ့ မန်စီးတီးက စပါးကို အဝေးကွင်းမှာ ဘယ်လိုရင်ဆိုင်မလဲ ပေါမာဆန် သုံးသပ် ခန့်မှန်း

ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီးဟာ တော့တင်ဟမ် စပါးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်က လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က စပါး – မန်စီးတီး ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီအပတ် ပွဲဟာ မန်စီးတီးအတွက် ဖိအားတွေ ရှိနေမှာပါ။ ဒီပွဲကစားချိန် သူတို့က အာဆင်နယ်နဲ့ ၈ မှတ်ထိ ကွာခြားသွားနေတာမျိုး ဖြစ်နေနိုင်ပါတယ်။ သူတို့ လုံးဝ မရှုံးလိုဘဲ ဒီပွဲကို အနိုင်ရလိုမှာပါ။

အခြား ဘယ်အသင်းမှာ မဆို အဲဗာရက်စ်က ပွဲထွက်ရမှာ ဖြစ်ပါတယ်။ ဂွာဒီယိုလာက ဟာလန်းကို တိုက်စစ်တင်ပြီး ညာခြမ်းမှာ မာရက်ဇ်ကို သုံးနေတယ်။

ဒီအခြေအနေမှာ ဖိုဒန်ထက် ဂရီလစ်ကို နည်းပြက ပိုသဘောကျနေပါတယ်။ ကန်ဆယ်လို မရှိတော့တာက ခြားနားမှု ဖြစ်လာနိုင်ပါတယ်။

ဒီပွဲပြီးရင် မန်စီးတီးက ကောင်းမွန်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားတွေကို ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲက အရေးကြီးပါတယ်။ စပါးတို့ ခံစစ်ကို အထိုင်ထား ကစားမှာက စီးတီးအတွက် ခက်ခဲမယ်ဆိုပေမယ့် ဒီပွဲကို စီးတီးတို့ အနိုင်ရသင့်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ကြီးရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ တော့တင်ဟမ် စပါး 1-2 မန်ချက်စတာစီးတီး ဖြစ်ပါတယ်။