စီးတီးနဲ့ တွေ့တိုင်း မှတ်တမ်းကောင်း ရှိတဲ့ ဖောရက်စ် ကို ဒီည ဘယ်လိုရင်ဆိုင်မလဲ ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်
ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီးဟာ နော်တင်ဟမ်ဖောရက်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း မှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန် ကတော့ စနေနေ့ ည ၉ နာရီခွဲ ဖြစ်ပါတယ်။
ဘီဘီစီသတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က ဒီပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
” ဒီပွဲက မန်ချက်စတာ စီးတီးအတွက် ပြောရခက်တဲ့ ပွဲပါ။ ဘာဖြစ်လို့လဲ ဆိုတော့ နော့တင်ဟမ် ဖောရက်စ်က စီးတီးနဲ့ တွေ့ရင် မှတ်တမ်းကောင်းတွေ ရှိထားတယ်။

စီးတီးရဲ့ ဘယ်စွန် ခံစစ်ကို ကျနေ်ာတို့ စိုးရိမ်တုန်းပဲ၊ သူတို့ ခံစစ်ကို အဲဒီကနေ ပြိုလဲအောင် လုပ်သွားနိုင်တယ်။ ဖောရက်စ်က အိမ်ကွင်းမှာ တကယ်ကို အားထုတ် ကစားလာမှာပါ။
ဒါပေမယ့် အာဆင်နယ်နဲ့ ပွဲမှာ ပက် ဂွာဒီယိုလာရဲ့ အသင်းက သူတို့ အစွယ်ကို ထုတ်ပြခဲ့ပြီး အမှတ်ပေးဇယား ပထမ နေရာကို သိမ်းသွားပါတယ်။ ဒီ ကစားသမားတွေနဲ့ ဆိုရင် အလန်းစား အခိုက်အတန့်တွေ လုပ်ပြနိုင်တယ် ဆိုတာ စီးတီးက ပြိုင်ဘက်တွေကို သတိပေးလိုက်တာပါပဲ။
စီးတီးရဲ့ ဒုတိယပိုင်း ကစားပုံက တကယ်ကို အကောင်းဆုံး အနေအထားမှာ ရှိခဲ့တယ်။ ပရီးမီးယားလိဂ် လက်ကျန် ပွဲတွေမှာ သူတို့ အကောင်းဆုံး ပုံစံတွေ အများကြီး လုပ်ပြလာဦးမယ်လို့ ကျနော် မျှော်လင့်ထားတယ်။ ” လို့ သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ နော့တင်ဟမ် ဖောရက်စ် 0-2 မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။
