ဖောရက်စ်နဲ့ ပွဲမှာ ၂မှတ် လျော့ခဲ့တာ အတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲ ပက်ဂွါဒီယိုလာ ပြောပြီ
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက နော်တင်ဟမ်ဖောရက်စ်နဲ့သရေကျပြီးနောက် ပရီးမီးယားလိဂ်လို အမှတ်ပေးပြိုင်ပွဲမှာ အရေးပါတဲ့ အမှတ်တွေ ဆုံးရှုံးခဲ့တာ မန်စီးတီးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမယ်လို့ပြောကြားလိုက်ပါတယ်။
မန်စီးတီးဟာ ပထမပိုင်းတွင် ဘာနာဒိုဆေးလ်ဗားရဲ့ အံ့အားသင့်ဖို့ကောင်းတဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။
ဒါပေမယ့် ဟာလန်း ရရှိခဲ့တဲ့အပိုင်အခွင့်အရေးတွေအပြင် အခြားအခွင့်အရေးများစွာ လွဲချော်ခဲ့ပြီး ၈၃ မိနစ်မှာ နော်တင်ဟမ်ဖောရက်စ် မှ ခရစ်ဝုဒ်က ချေပဂိုးသွင်းယူပြီး ပွဲအပြီးမှာ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

သရေကျခဲ့ခြင်းက အိမ်ရှင်များအတွက် အမှတ်ပေးဇယားအောက်နားမှ လွတ်မြောက်သွားခဲ့ပြီး ယခုပွဲအပြီးတွင် ဂန်းနားတို့ဟာ မန်စီးတီးအသင်းထက် တစ်ပွဲလျော့ကစားပြီး ဇယားထိပ်တွင်နှစ်မှတ်အသာနဲ့ ဦးဆောင် ထားနိုင်ခဲ့ပါတယ်။
“ဒါဟာ တောက်ပတဲ့ စွမ်းဆောင်ရည်ပါ၊ ကျွန်တော်တို့ တကယ်ကို ကောင်းမွန်စွာ ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ၂-၀ ဒါမှမဟုတ် ၃-၀ ဖြစ်သင့်ပြီး ကျွန်တော်တို့က ပြိုင်ဖက်ကို တစ်မှတ်ခွဲ ပေးလိုက်ရပြီး အမှတ်တွေ လျော့ကျခဲ့ပါတယ်။”
“ကျွန်တော်တို ဝမ်းနည်းပြီး စိတ်ပျက်နေပေမယ့် ကစားပုံက တကယ်ကောင်းပါတယ်။ ဒီနေ့မှ ဂိုးရနိုင်မယ့် အခွင့်အရေး တွေကို ကျွန်တော်တို့ လွဲချော်ခဲ့ပါတယ်။ ဂိုးသမားနဲ့ တစ်မီတာလောက်သာရှိတဲ့ ဂိုးတွေကို လွဲချော်ခဲ့တယ် အဲဒါကြောင့် ကျွန်တော်တို့ မနိုင်ခဲ့ပါဘူး။”
“ကျွန်တော်တို့ တကယ်ကောင်းတဲ့ ဂိမ်း တစ်ခုကို ကစားခဲ့ပါတယ်။ ဒုတိယဂိုးကို ကျွန်တော်တို့ လွဲချော်ခဲ့ပြီး ချေပဂိုးပါ ပေးလိုက်ရပါတယ်။ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရပါမယ် နောက်ပွဲတွေ ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ယုံကြည်ပါတယ်။” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
