ပေါမာဆန်ကြီးရဲ့ ဒီည ခရစ္စတယ် ပဲလေစ့် v မန်စီးတီး ပွဲ အတွက် ပွဲကြို သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ စီးတီးအသင်းဟာ ဒီတပတ် မှာ ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲ ကစားရမှာ ဖြစ်ပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်းဟာ စနေနေ့ည ၁၂ နာရီ တိတိ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။

ဘောလုံးပွဲ သုံးသပ်ဆရာကြီး ပေါမာဆန်က ပဲလေ့စ်နဲ့ မန်စီးတီးတို့ ပွဲစဉ် အတွက် ခုလို သုံးသပ်ထားပါတယ်။

ပေါမာဆန်က ” ပဲလေ့စ်ဟာ တဖြည်းဖြည်းနဲ့ တန်းဆင်းဇုန်နားကို ရောက်လာပါတယ်။ သူတို့ မန်စီးတီးကို နိုင်မှာ မဟုတ်သလို အနိုင်မရတဲ့ ဒီပွဲကြောင့် တန်းမဆင်းရဖို့ စိန်ခေါ်မှုမှာ ကြီးမားတဲ့ ဂယက်တွေ ထသွားနိုင်ပါတယ်။

ပဲလေစ့်တို့ ရုန်းကန်နေရလို့ စိုးရိမ်မိပါတယ်။ သူတို့အသင်းမှာ ဘောလုံးကစားတာ တော်တဲ့သူတွေရှိတယ်။ အလိမ်အခေါက်သမားတွေ အများကြီးရှိတယ်။ ဒါပေမယ့် အဆုံးသတ် ဂိုးသွင်းမယ့်သူ မရှိဘူး။ အဆင့် ၁၈ က အဲဗာတန်နဲ့ သူတို့ ၅မှတ်ပဲ ကွာပါတော့တယ်။

မန်စီးတီးမှာ ခက်ခဲတဲ့ပွဲတချို့ လာဖို့ရှိပါတယ်။ ဖလားပြိုင်ပွဲက စိုးရိမ်စရာ ဖြစ်လာတာနဲ့အတူ ဘယ်အသင်းက သူတို့ပွဲတွေကို အရင်ကစားရမလဲ ဆိုတာနဲ့ ဆိုင်လာမှာပါ။

မန်စီးတီးက ဒီတစ်ပတ်မှာ အာဆင်နယ်ထက် အရင်ကစားရမှာဖြစ်လို့ ပွဲကိုအနိုင်ယူပြီး ဂန်းနားတွေကို ဖိအားပေးနိုင်မယ့် အခွင့်အရေးကြီး ရှိနေပါတယ်။” လို့ သုံးသပ် ပြောဆိုထားပါတယ်။

ပေါမာဆန်ကြီးရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ ခရစ္စတယ်ပဲလေ့စ် ဝ-၂ မန်စီးတီး ဖြစ်ပါတယ်။

ZG- မန္ခ်က္စတာ စီးတီးအသင္းဟာ ဒီတပတ္ မွာ ခရစၥတယ္ ပဲေလ့စ္ အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲ ကစားရမွာ ျဖစ္ၿပီး အေဝးကြင္း သြားေရာက္ ရင္ဆိုင္ရမွာပါ။ ဒီႏွစ္သင္းဟာ မနက္ျဖန္ စေနေန႔ည ၁၂ နာရီ တိတိ အခ်ိန္မွာ ယွဥ္ၿပိဳင္ၾကမွာပါ။

ေဘာလံုးပြဲ သံုးသပ္ဆရာၾကီး ေပါမာဆန္က ပဲေလ့စ္နဲ႕ မန္စီးတီးတို႔ ပြဲစဥ္ အတြက္ ခုလို သံုးသပ္ထားပါတယ္။

ေပါမာဆန္က ” ပဲေလ့စ္ဟာ တျဖည္းျဖည္းနဲ႔ တန္းဆင္းဇုန္နားကို ေရာက္လာပါတယ္။ သူတို႔ မန္စီးတီးကို ႏိုင္မွာ မဟုတ္သလို အႏိုင္မရတဲ့ ဒီပြဲေၾကာင့္ တန္းမဆင္းရဖို႔ စိန္ေခၚမႈမွာ ႀကီးမားတဲ့ ဂယက္ေတြ ထသြားႏိုင္ပါတယ္။

ပဲေလစ့္တို႔ ႐ုန္းကန္ေနရလို႔ စိုးရိမ္မိပါတယ္။ သူတို႔အသင္းမွာ ေဘာလုံးကစားတာ ေတာ္တဲ့သူေတြရွိတယ္။ အလိမ္အေခါက္သမားေတြ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္ အဆုံးသတ္ ဂိုးသြင္းမယ့္သူ မရွိဘူး။ အဆင့္ ၁၈ က အဲဗာတန္နဲ႔ သူတို႔ ၅မွတ္ပဲ ကြာပါေတာ့တယ္။

မန္စီးတီးမွာ ခက္ခဲတဲ့ပြဲတခ်ိဳ႕ လာဖို႔ရွိပါတယ္။ ဖလားၿပိဳင္ပြဲက စိုးရိမ္စရာ ျဖစ္လာတာနဲ႔အတူ ဘယ္အသင္းက သူတို႔ပြဲေတြကို အရင္ကစားရမလဲ ဆိုတာနဲ႔ ဆိုင္လာမွာပါ။

မန္စီးတီးက ဒီတစ္ပတ္မွာ အာဆင္နယ္ထက္ အရင္ကစားရမွာျဖစ္လို႔ ပြဲကိုအႏိုင္ယူၿပီး ဂန္းနားေတြကို ဖိအားေပးႏိုင္မယ့္ အခြင့္အေရးႀကီး ရွိေနပါတယ္။” လို႔ သံုးသပ္ ေျပာဆိုထားပါတယ္။

ေပါမာဆန္ၾကီးရဲ႕ ပြဲ ခန္႔မွန္းရလဒ္ကေတာ့ ခရစၥတယ္ပဲေလ့စ္ ၀-၂ မန္စီးတီး ျဖစ္ပါတယ္။