ပက် သတိပေးစကား၊ ရွန်းနီ ရွေးချယ်မှု၊ ဂွမ်ဒိုဂန် အေးဂျင့်စကား၊ အီတီဟက် ကွင်းသစ်နဲ့ မန်စီးတီး သတင်းတိုများ
မန်စီးတီးဟာ ၎င်းတို့ အိမ်ကွင်း အီတီဟက် ကို ပရိသတ် ၆၁၀၀၀ ဝင်ဆံ့အောင် ပေါင် သန်း ၃၀၀ အကုန်အကျခံ တိုးချဲ့မှာဖြစ်သလို အီတီဟက်ကွင်းပတ်လည် အဆင့်မြင့်တင်မှုအတွက် ပေါင် ၁ ဘီလျံ အသုံးပြုဖို့ ပြင်ဆင်ထားပါတယ်။
မန်စီးတီး တိုက်စစ်မှူး ဟာလန်းဟာ ကလပ်ရဲ့ လေ့ကျင့်ရေးကို လွဲချော်ခဲ့တာကြောင့် ဒီအပတ် လီဗာပူးနဲ့ပွဲမှာ ပါဝင် ကစားဖို့ မသေချာ ဖြစ်နေပါတယ်။

အာဆင်နယ် အသင်းဟာ လက်ကျန်ပွဲတွေမှာ အမှတ် များများ လျော့မှာ မဟုတ်ဘူးလို့ ပက် ဂွာဒီယိုလာက သူ့ အသင်းသားတွေအား သတိပေးလိုက်ပါတယ်။
စပါးအသင်း ချိန်ရွယ်နေတဲ့ နည်းပြတွေထဲမှာ မန်စီးတီး ကစားသမားဟောင်း၊ လက်ရှိ ဘန်လေနည်းပြ ဗင်းဆန့် ကွန်ပနီပါ အံ့အားသင့်ဖွယ် ပါဝင်နေတယ်လို့ သိရပါတယ်။
ဂွမ်ဒိုဂန်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ကစားသမားနဲ့ ဘာစီလိုနာကြားမှာ မည်သည့် သဘောတူညီမှုမှ ရထားခြင်း မရှိပါဘူးလို့ ထုတ်ပြောလာပါတယ်။
အာဆင်နယ်ရဲ့ ဘောလုံးရာသီ နောက်ဆုံးပွဲစဉ်အတွက် လက်မှတ်ခတွေဟာ ပေါင် ၅၃၀၀၀ ထိ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
မန်ယူ ဂန္တဝင် တိုက်စစ်မှုးဟောင်း ဝိန်း ရွန်းနီက ဒီရာသီ အတွက်ဆိုရင် မန်စီးတီးထက် အာဆင်နယ် ကို ပရီးမီးယားလိဂ် ပို ရစေချင်ကြောင်း ပြောဆိုလိုက်ပါတယ်။
