ချယ်ဆီး ဂန္တဝင် ဒရော့ဘာရဲ့ စံချိန်ကို ကျော်ဖြတ်သွားပြီ ဖြစ်တဲ့ မန်စီးတီး တိုက်စစ် မာရက်ဇ်

မန်စီးတီး တိုက်စစ်သမား ရီယက် မာရက်ဇ် ဟာ ချယ်ဆီး ဂန္တဝင် ဒီဒီယာ ဒရော့ဘာရဲ့ ပရီးမီးယားလိဂ်သမိုင်းတွင် ဖန်တီးမှု အများဆုံး အာဖရိကကစားသမား စံချိန်ကို ရိုက်ချိုးလာခဲ့ပြီ ဖြစ်ပါတယ်။

မာရက်ဇ် ဟာ ပြီးခဲ့တဲ့ မန်စီးတီးက လီဗာပူးကို၄-၁ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် မန်စီးတီးရဲ့ ဒုတိယဂိုးအား ကစားဖော် ကီဗင်ဒီဘရိုင်း သွင်းယူနိုင်အောင် ဖန်တီးပေးပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတွင် ဖန်တီးမှုအများဆုံး အာဖရိက ကစားသမား အဖြစ် ၅၆ကြိမ်ဖြင့် ရပ်တည်လာတာ ဖြစ်ပါတယ်။

ယခင်တုန်းက ချယ်ဆီး ဂန္တဝင် တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာက ပရီးမီးယားလိဂ်သမိုင်းတွင် ဖန်တီးမှုအများဆုံး အာဖရိက ကစားသမားအဖြစ် ၅၅ကြိမ်ဖြင့် ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

ရီယက် မာရက်ဇ် ဟာ လီဗာပူးနိုင်ပွဲမှ ဖန်တီးမှုကြောင့် ပရီးမီးယားလိဂ်တွင်ဖန်တီးမှု ၅၆ကြိမ် ရှိလာပါတယ်။ယင်း ဖန်တီးမှုမှာ မာရက်ဇ် အတွက် ယခုရာသီတွင် ပရီးမီးယားလိဂ်မှာ ၅ကြိမ်မြောက် ဖန်တီးနိုင်မှုလည်းဖြစ်ပါတယ်။

သူဟာ မန်စီးတီးသို့မပြောင်းမှီ လက်စတာတွင် ကစားစဉ်တုန်းက ပရီးမီးယားလိဂ်တွင် ၃၉ဂိုး သွင်းကာ၂၈ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

အဲဒီနောက် မာရက်ဇ် ဟာ ၂၀၁၈ခုနှစ်တွင် လက်စတာမှပြောင်းလာပြီးနောက် မန်စီးတီးအတွက် ၄၃ဂိုး သွင်းယူကာ ၂၈ကြိမ် ဖန်တီးထားနိုင်ပါတယ်။

ZG – မန္စီးတီး တိုက္စစ္သမား ရီယက္ မာရက္ဇ္ ဟာ ခ်ယ္ဆီး ဂႏၱဝင္ ဒီဒီယာ ဒေရာ့ဘာရဲ႕ ပရီးမီးယားလိဂ္သမိုင္းတြင္ ဖန္တီးမႈ အမ်ားဆုံး အာဖရိကကစားသမား စံခ်ိန္ကို ႐ိုက္ခ်ိဳးလာခဲ့ၿပီ ျဖစ္ပါတယ္။

မာရက္ဇ္ ဟာ ျပီးခဲ့တဲ့ မန္စီးတီးက လီဗာပူးကို၄-၁ဂိုးျဖင့္ အႏိုင္ရတဲ့ပြဲတြင္ မန္စီးတီးရဲ႕ ဒုတိယဂိုးအား ကစားေဖာ္ ကီဗင္ဒီဘ႐ိုင္း သြင္းယူႏိုင္ေအာင္ ဖန္တီးေပးၿပီးေနာက္ ပရီးမီးယားလိဂ္သမိုင္းတြင္ ဖန္တီးမႈအမ်ားဆုံး အာဖရိက ကစားသမား အျဖစ္ ၅၆ႀကိမ္ျဖင့္ ရပ္တည္လာတာ ျဖစ္ပါတယ္။

ယခင္တုန္းက ခ်ယ္ဆီး ဂႏၱဝင္ တိုက္စစ္မႉး ဒီဒီယာ ဒေရာ့ဘာက ပရီးမီးယားလိဂ္သမိုင္းတြင္ ဖန္တီးမႈအမ်ားဆုံး အာဖရိက ကစားသမားအျဖစ္ ၅၅ႀကိမ္ျဖင့္ ရပ္တည္ေနခဲ့တာျဖစ္ပါတယ္။

ရီယက္ မာရက္ဇ္ ဟာ လီဗာပူးႏိုင္ပြဲမွ ဖန္တီးမႈေၾကာင့္ ပရီးမီးယားလိဂ္တြင္ဖန္တီးမႈ ၅၆ႀကိမ္ ရွိလာပါတယ္။ယင္း ဖန္တီးမႈမွာ မာရက္ဇ္ အတြက္ ယခုရာသီတြင္ ပရီးမီးယားလိဂ္မွာ ၅ႀကိမ္ေျမာက္ ဖန္တီးႏိုင္မႈလည္းျဖစ္ပါတယ္။

သူဟာ မန္စီးတီးသို႔မေျပာင္းမီွ လက္စတာတြင္ ကစားစဥ္တုန္းက ပရီးမီးယားလိဂ္တြင္ ၃၉ဂိုး သြင္းကာ၂၈ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။

အဲဒီေနာက္ မာရက္ဇ္ ဟာ ၂၀၁၈ခုႏွစ္တြင္ လက္စတာမွေျပာင္းလာၿပီးေနာက္ မန္စီးတီးအတြက္ ၄၃ဂိုး သြင္းယူကာ ၂၈ႀကိမ္ ဖန္တီးထားႏိုင္ပါတယ္။