မန်ချက်စတာ စီးတီးသာ ချန်ပီယံလိဂ် ဗိုလ်စွဲရင် ကန်ဆယ်လို က ချန်ပီယံ ဆုတံဆိပ် ရနိုင်သလား
ဘိုင်ယန်မြူးနစ် အသင်းမှာ အငှား သွား ကစားနေတဲ့ ဂျာအိုကန်ဆယ်လိုဟာ မန်စီးတီးသာ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်လာပါက ချန်ပီယံလိဂ်ဆု တံဆိပ်တစ်ခု ရရှိလာဖို့ရှိနေပါတယ်။
ကန်ဆယ်လိုဟာ နည်းပြဂွါဒီယိုလာနှင့်အဆင်မပြေဖြစ်ပြီးနောက် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တုန်းက ဘိုင်ယန်မြူးနစ်သို့ အငှားဖြင့်ပြောင်းခဲ့ပါတယ်။
သူဟာ အင်္ဂါနေ့ညတုန်းက အီတီဟတ်တွင်အသင်းဟောင်း မန်စီးတီးကို ရင်ဆိုင်တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ ဘိုင်ယန်မြူးနစ် အရန်စာရင်းတွင် ပါဝင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင် မန်စီးတီးဟာ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗား၊ အာလင်းဟာလန်း တို့ရဲ့သွင်းဂိုးများဖြင့် ဘိုင်ယန်မြူးနစ်ကို ၃-ဝဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ကန်ဆယ်လိုဟာ ပွဲပြီးခါနီး၉မိနစ်တွင် အယ်ဖွန်ဆိုဒါးဗီးစ်အစား လူစား ဝင်ရောက်ကစားခဲ့ပြီး မန်စီးတီးပရိသတ်များရဲ့ လှောင်ပြောင်ကြိုဆိုမှုနှင့် ကြုံခဲ့ရပါတယ်။
မန်စီးတီးဟာ အိမ်ကွင်းတွင်ဘိုင်ယန်မြူးနစ်ကို ၃-ဝဂိုးဖြင့်အနိုင်ယူနိုင်ခဲ့မှုနှင့်အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ခြေတစ်လှမ်း လှမ်းထားနိုင်ပြီ ဖြစ်ပါတယ်။
ကန်ဆယ်လို က ဘိုင်ယန်မြူးနစ်သို့အငှားဖြင့်ပြောင်းကစားခဲ့ပေမဲ့လည်း မန်စီးတီးနှင့်အတူ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ ကစားခဲ့တာကြောင့် မန်စီးတီးသာ ချန်ပီယံလိဂ်ချန်ပီယံဖြစ်လာပါက ချန်ပီယံလိဂ် ချန်ပီယံ ဆုတံဆိပ်တစ်ခု ရရှိလာဖို့ရှိနေပါတယ်။
ဥပမာပြောရလျှင် ၂၀၁၈ခုနှစ်တုန်းက လီဗာပူးဟာစတား ကစားသမား ဖီးလစ်ပီကော်တင်ဟိုကို ဇန်နဝါရီလမှာ ဘာစီလိုနာသို့ရောင်းချခဲ့ပါတယ်။
ယာဂင်ကလော့ပ်ရဲ့အသင်းဟာ ယင်းရာသီတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့အထိ တက်ရောက်ခဲ့ပြီးဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
ကော်တင်ဟိုဟာ ဘာစီလိုနာသို့ပြောင်းရွှေ့ကစားသွားခဲ့ပေမဲ့လည်း အုပ်စုပွဲစဉ်များတွင် လီဗာပူးအတွက် ကစားပေးခဲ့မှုနှင့် အတူ ချန်ပီယံလိဂ် ဒုတိယဆုတံဆိပ် တစ်ခု ရရှိပါတယ်။
ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းအရ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် အသင်းနှစ်သင်းတို့ကို ရွေတံဆိပ်၄၀နှင့် ငွေတံဆိပ်၄၀ ချီးမြှင့်ပေးပါတယ်။ထိုစဉ်တုန်းက လီဗာပူးဟာ အသင်းကို အုပ်စုတွင်းမှာတုန်းက ကူညီခဲ့တဲ့ကော်တင်ဟိုအား ဆုတံဆိပ် တစ်ခုပေးခဲ့ပါတယ်။
ဒါကြောင့်လည်း ယခု ကန်ဆယ်လို ဟာလည်း မန်စီးတီးဘက်ကသာချန်ပီယံလိဂ်ချန်ပီယံဖြစ်ပြီး ကစားသမားကို ရွှေတံဆိပ် ပေးလိုပါက ရရှိလာပါမယ်။ ဒါကြောင့်လည်း ကန်ဆယ်လို ရဲ့ဆုတံဆိပ်ရရှိမှု၊ မရရှိမှုမှာ အသင်းရဲ့ဆုံးဖြတ်ချက် အပေါ်မှာသာ မူတည်နေပါတယ်။
