ဝင်ဘာလေမှာ ရှက်ဖီးကို မန်စီးတီး ဘယ်နှဂိုးထိ သွင်းပြီး ဗိုလ်လုပွဲ တက်မလဲ ပေါမာဆန် ဟောကိန်းထုတ်
မန်ချက်စတာ စီးတီးအသင်းဟာ ဒီအပတ်မှာ ပရီးမီးယားလိဂ်ပွဲ ကစားရဖို့ မရှိဘဲ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲ အဖြစ် ရှက်ဖီးယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာပါ။
ပွဲကတော့ မနက်ဖြန် စနေနေ့ည ၁ဝး၁၅ နာရီ အချိန်၊ ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန် က စီးတီးနဲ့ ရှက်ဖီးတို့ ယှဉ်ပြိုင်ကြမယ့် အက်ဖ်အေ ဆီမီးပွဲစဉ် အတွက် ခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” မန်စီးတီးက သမင်တကောင်ကို အမဲလိုက်နေတဲ့ တောရိုင်းသတ္တဝါတွေလိုပဲ။ ကြောက်မက်ဖွယ်ကောင်းပါတယ်။ ဒီပွဲကတော့ သူတို့ရဲ့ အရံခုံအင်အားကို စမ်းသပ်သွားမှာပါ။ အရံခုံမှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။
အယ်ဗာရက်ဇ်၊ ဝေါ်ကာ၊ လာပေါ်တေးတို့လို ကစားသမားတွေ ဒီပွဲမှာ ပါဝင်နိုင်ပါတယ်။ ဒီပွဲအတွက် လူစာရင်း အပြောင်းအလဲလုပ်မှာ သေချာသလောက်ရှိပါတယ်။ အရင်အဆင့်မှာ စီးတီးနဲ့ ပြိုင်ဘက်တွေကြားက ကွာဟချက်ကို မြင်တွေ့ခဲ့ရတယ်။
ဘန်လေဟာ ရှက်ဖီးထက် အများပြီးပိုကောင်းတာတောင် စီးတီးကို ၆ဂိုးပြတ် ရှုံးခဲ့ပါတယ်။ ရှက်ဖီးဟာ ချန်ပီယံရှစ်ကို တန်းဆက်ခွင့် ရနိုင်ခဲ့ပေမယ့် ဒီပွဲကို နိုင်ဖို့တော့ မရှိပါဘူး။ အဝေးအသင်းအတွက် ခက်ခဲတဲ့စိန်ခေါ်မှုပါပဲ။
ဝင်ဘာလေကွင်းဟာ ကြီးပါတယ်။ ရှက်ဖီးအနေနဲ့ တတ်နိုင်သလောက် ခုခံကာကွယ်ရမှာဖြစ်ပြီး ဘယ်လိုနေနေ စီးတီးက နိုင်သင့်ပါတယ်။ ” လို့ မာဆန်က ဆိုပါတယ်။
ပေါမာဆန်ကြီးရဲ့ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ စီးတီး ၅-၀ ရှက်ဖီးယူနိုက်တက် ဖြစ်ပါတယ်။

zawgyi – မန္ခ်က္စတာ စီးတီးအသင္းဟာ ဒီအပတ္မွာ ပရီးမီးယားလိဂ္ပြဲ ကစားရဖို႔ မရွိဘဲ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ပြဲ အျဖစ္ ရွက္ဖီးယူနိုက္တက္နဲ႕ ယွဥ္ျပိဳင္ရမွာပါ။
ပြဲကေတာ့ မနက္ျဖန္ စေနေန႔ည ၁ဝး၁၅ နာရီ အခ်ိန္၊ ဝင္ဘာေလကြင္းၾကီးမွာ ယွဥ္ျပိဳင္ ကစားၾကမွာ ျဖစ္ပါတယ္။
ဂန္းနားေဟာင္းၾကီး ေပါမာဆန္ က စီးတီးနဲ႕ ရွက္ဖီးတို႔ ယွဥ္ျပိဳင္ၾကမယ့္ အက္ဖ္ေအ ဆီမီးပြဲစဥ္ အတြက္ ခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
” မန္စီးတီးက သမင္တေကာင္ကို အမဲလိုက္ေနတဲ့ ေတာ႐ိုင္းသတၱဝါေတြလိုပဲ။ ေၾကာက္မက္ဖြယ္ေကာင္းပါတယ္။ ဒီပြဲကေတာ့ သူတို႔ရဲ႕ အရံခုံအင္အားကို စမ္းသပ္သြားမွာပါ။ အရံခုံမွာ ကစားသမားေကာင္းေတြ အမ်ားႀကီးရွိပါတယ္။
အယ္ဗာရက္ဇ္၊ ေဝၚကာ၊ လာေပၚေတးတို႔လို ကစားသမားေတြ ဒီပြဲမွာ ပါဝင္ႏိုင္ပါတယ္။ ဒီပြဲအတြက္ လူစာရင္း အေျပာင္းအလဲလုပ္မွာ ေသခ်ာသေလာက္ရွိပါတယ္။ အရင္အဆင့္မွာ စီးတီးနဲ႔ ၿပိဳင္ဘက္ေတြၾကားက ကြာဟခ်က္ကို ျမင္ေတြ႕ခဲ့ရတယ္။
ဘန္ေလဟာ ရွက္ဖီးထက္ အမ်ားၿပီးပိုေကာင္းတာေတာင္ စီးတီးကို ၆ဂိုးျပတ္ ရႈံးခဲ့ပါတယ္။ ရွက္ဖီးဟာ ခ်န္ပီယံရွစ္ကို တန္းဆက္ခြင့္ ရႏိုင္ခဲ့ေပမယ့္ ဒီပြဲကို ႏိုင္ဖို႔ေတာ့ မရွိပါဘူး။ အေဝးအသင္းအတြက္ ခက္ခဲတဲ့စိန္ေခၚမႈပါပဲ။
ဝင္ဘာေလကြင္းဟာ ႀကီးပါတယ္။ ရွက္ဖီးအေနနဲ႔ တတ္ႏိုင္သေလာက္ ခုခံကာကြယ္ရမွာျဖစ္ၿပီး ဘယ္လိုေနေန စီးတီးက ႏိုင္သင့္ပါတယ္။ ” လို႔ မာဆန္က ဆိုပါတယ္။
ေပါမာဆန္ၾကီးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ မန္ခ်က္စတာ စီးတီး ၅-၀ ရွက္ဖီးယူနိုက္တက္ ျဖစ္ပါတယ္။
