အာဆင်နယ်ကို တဖက်သတ် ဖိကစား အနိုင်ရသွားစေခဲ့တဲ့ ဗျူဟာ အပြောင်းအလဲအား ဒီဘရိုင်း ဖော်ထုတ်
စီးတီး ကွင်းလယ် ကစားသမား ကီဗင် ဒီဘရိုင်း က မနေ့ညက အာဆင်နယ်ကို ဂိုးပြတ် အနိုင်ရတဲ့ပွဲစဉ်မှာ မန်စီးတီး အတွက် အကူအညီဖြစ်စေခဲ့တဲ့ အဓိကနည်းဗျူဟာတစ်ခုကို ဖွင့်ဟပြောကြားလာပါတယ်။
မန်စီးတီးဟာ မနေ့ညတုန်းက အီတီဟတ်ကွင်းတွင် အာဆင်နယ်ကို သက်တောင့်သက်သာဖြင့် ကစားပြီး ၄-၁ ဖြင့် အနိုင်ယူခဲ့ပါတယ်။
မန်စီးတီးဟာ ယင်းနိုင်ပွဲကြောင့် ထိပ်ဆုံးမှ အာဆင်နယ်ထက် ၂ ပွဲလျှော့ကစားပြီး ၂ မှတ်တည်းသာ ကွာဟ ပါတော့တယ်။
မနေ့ညက ပွဲတွင် ကီဗင်ဒီဘရိုင်းဟာ ကိုယ်တိုင် ၂ ဂိုးသွင်းခဲ့တဲ့ အပြင် ၁ ကြိမ်ဖန်တီးနိုင်မှုနှင့်အတူ Man of The Match ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ကီဗင်ဒီဘရိုင်းဟာ ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် အာဆင်နယ်ကို အနိုင်ရရှိစေခဲ့တဲ့ အရေးပါတဲ့ ဗျူဟာ အပြောင်းအလဲကို ခုလို ဖွင့်ဟလာပါတယ်။
၎င်းက “သူတို့က Man-to-Man လူကပ်ကစားတော့ ဘောလုံးအတိုပေးဖို့ နေရာလွတ်မရှိတော့ဘူး။ ဒုတိယပိုင်းမှာ ၅၀/၅၀ ဖြစ်တယ်။ သူတို့က အရမ်းအဆင့်မြင့်တဲ့အသင်း ဖြစ်တယ်။ ကစားရ ခက်တယ်။ ဒီနေ့မှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံရဖို့ လိုနေခဲ့တယ်။ ရခဲ့တယ်လို့လည်း ထင်တယ်။
ကျွန်တော်တို့ဟာ ကျောနံပါတ် ၈ ကစားသမား ၂ ဦးရှိနေတာနဲ့ စာရင် အများကြီးကွဲပြားသွားတယ်။ ကွန်တော့်အနေနဲ့ လွတ်လွတ်လပ်လပ်ကစားခွင့် ပိုရသွားတယ်။ ဘယ်သို့ပဲ ဖြစ်ဖြစ်၊ ညာသို့ပဲ ဖြစ်ဖြစ် ထွက်ပြီး ပါတေးနဲ့ ဇာခါတို့ရဲ့ ဖိအားအောက်က လွတ်မြောက်အောင် လုပ်လာနိုင်တယ်။ နေရာလွတ်ရှာလာနိုင်တယ်”လို့ ပြောကြားသွားပါတယ်။
မန်စီးတီးဟာ ယခုရာသီတွင် ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် ပရီးမီးယားလိဂ်ဖလား ၃ လုံး လမ်းကြောင်း ပေါ်တွင် ရှိနေပြီ ဖြစ်ပါတယ်။
စီးတီးဟာ အက်ဖ်အေဖလားဗိုလ်လုပွဲသို့ တက်ရောက်ထားပြီး ယူနိုက်တက်နှင့် ဗိုလ်လုပွဲ ကစားရပါမယ်။ ၎င်းတို့ဟာ ချန်ပီယံလိဂ်တွင်လည်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ထားကာ ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ရပါမယ်။
