အသေးစား ထင်ခဲ့ပေမယ့် နောက်ပွဲ ဆက်လက် လွဲဦးမယ့် စီးတီးကွင်းလယ် ဒီဘရိုင်း ဒဏ်ရာ အခြေအနေ

မန်စီးတီး အားထားရတဲ့ ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ် ကစားသမား ဒီဘရိုင်းဟာ အာဆင်နယ်နဲ့ ပွဲမှာ နာသွားခဲ့ပြီးနောက် မနေ့ညက ဖူဟမ်နှင့်ပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။

ဒီဘရိုင်းရဲ့ ဒဏ်ရာက စိုးရိမ်စရာ အခြေအနေ ဖြစ်ပြီး နောက်ပွဲ ဝက်စ်ဟမ်းနဲ့ ပွဲကိုလည်း ဆက်လက် လွဲချော်ဖွယ် ရှိကြောင်း သိရှိရပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ ဒီရာသီ ထိပ်တန်းလိဂ် ၂၉ ပွဲမှာ ခုနစ်ဂိုးသွင်းပြီး ၁၈ ဂိုး ဖန်တီးထားပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မန်စီးတီးက အာဆင်နယ်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ နှစ်ဂိုး သွင်းယူပြီး နောက် ဆယ်မိနစ်တွင် လူစားလဲ ခံခဲ့ရပါတယ်။

ဂွာဒီယိုလာက ဒီဘရိုင်းရဲ့ ဒဏ်ရာပြဿနာအတွက် သိပ်စိုးရိမ်ပုံမပေါ်ပေမယ့်၊ ဗုဒ္ဓဟူးနေ့ မှာ ကစားမယ့် အီတီဟတ် ကွင်းမှာ ဝက်စ်ဟမ်းနဲ့ ကစားရမယ့် ပွဲကို ကစားရဖို့ မသေချာသေးကြောင်းပြောခဲ့ပါတယ်။

ဖူဟမ်နှင့်ပွဲမစခင် မှာ ဂွါဒီယိုလာက ဒီဘရိုင်း နဲ့ပတ်သတ်ပြီး “သူနေမကောင်းပါဘူး။ သူ့မှာ ဒဏ်ရာရှိပြီး ခရီး မထွက်နိုင်ပါဘူး” လို့ပြောကြားခဲ့တဲ့အပြင် ကွင်းလယ်ကစားသမား ပြန်လာမယ့်အချိန်ကို အတိအကျ ပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

ဖူဟမ်နှင့် ပွဲစမခင် လေ့ကျင့်ရေးကွင်းတွင် သွေးပူလေ့ကျင့်ခန်းများလုပ်နေသည့်နေရာတွင်လည်း နေသန်အကီနှင့် ပါးလ်မားတို့ကိုလည်းမြင်တွေ့ရခြင်းမရှိခဲ့ပါဘူး။

မာကိုဆေးလ်ဗားရဲ့ ဖူဟမ်အသင်းကို ၂-၁ ဖြင့်အနိုင်ယူပြီး မန်စီးတီးက အာဆင်နယ်ကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ပထမနေရာကို ခုန်တက်သွားခဲ့ပြီးနောက် ကလပ်ဟာ သူတိုရဲ့ အမှတ်ပေးဖလား ပြိုင်ဘက်တွေ အပေါ် အမှတ်ဖြတ်နိုင်ဖို့ နောက်ထပ်ပွဲတစ်ပွဲ ကစားဖို့ကျန်ရှိနေပါသေးတယ်။

လာမည့် အပတ်တွင် မန်စီးတီးနှင့် ယှဉ်ပြိုင်ကစားရမည့် ဝက်စ်ဟမ်း အသင်းတွင် တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဆမတ်ကာသည်လည်း ဒူးခွဲစိတ်မှုခံယူပြီးနောက် ယခုရာသီတွင် ထပ်မံမပါဝင်နိုင်ကြောင်းသိရပါတယ်။

ထို့ပြင် ဗဟိုခံစစ်ကစားသမား ဇူးမား သည် စနေနေ့က ခရစ်စတယ်ပဲလေ့စ်အိမ်ကွင်း ၌ ၄-၃ ဖြင့်ရှုံးနိမ့်ခဲ့သော ပွဲတွင် ဒဏ်ရာ ရရှိသွားပြီးနောက် မန်စီးတီးနှင့်ပွဲစဉ်ကို ပါဝင်နိုင်ရန် မသေချာကြောင်းသိရပါတယ်။