မနက်ဖြန်ညမှာ မန်စီးတီးက လိဒ်စ်ကို ဘယ်နှဂိုး ကြိတ်မလဲ ကြိုတင် ဟောကိန်းထုတ်လာတဲ့ ခရစ်ဆက်တန်
ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ် ပြန်လည် သိမ်းပိုက်ထားတဲ့ မန်ချက်စတာ စီးတီး အသင်းဟာ ဒီသီတင်းပတ်ကုန် ပရီးမီးယားလိဂ် ပွဲမှာတော့ လိဒ်စ် ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ ည ၈ နာရီခွဲ အချိန် အီတီဟက် ကွင်းမှာ ယှဉ်ပြိုင် ကြမှာပါ။ ဘီဘီစီမှ ပင်တိုင် ကလောင်ရှင် ခရစ်ဆက်တန်က မန်စီးတီး v လိဒ်စ် ယူနိုက်တက် ပွဲ အတွက် ခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
လိဒ်စ် မန်နေဂျာ ဆမ်အလာဒိုက်က သူဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာ အပါအဝင် ပရီးမီးယားလိဂ်က ဘယ်မန်နေဂျာနဲ့မဆို ယှဉ်လို့ရပါတယ်တဲ့။ ဆမ်ပြောတာ မှန်မလား ဆိုတဲ့ ဒီအဖြေကို စနေနေ့မှာ အားလုံး သိကြရမယ် ထင်ပါတယ်။
ကြားရက်က ဝက်စ်ဟမ်းကို အနိုင်ရဖို့ မန်စီးတီးတို့က ကျနော် မျှော်လင့်ထားတာထက် ပိုခက်ခဲခဲ့တယ်။ ဒါပေမယ့် သူတို့ နိုင်ပွဲရအောင် အားထုတ်နိုင်ခဲ့ပါတယ်။ လိဒ်စ်ရဲ့ ခံစစ်က ဝက်စ်ဟမ်းလောက်တော့ ကောင်းမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ စီးတီးက အစောတည်းက ပွဲကို ဖြတ်နိုင်အောင် အားထုတ်လာမှာပါ။
ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3-0 လိဒ်စ်ယူနိုက်တက်
Zawgyi – ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ် ပြန်လည် သိမ်းပိုက်ထားတဲ့ မန်ချက်စတာ စီးတီး အသင်းဟာ ဒီသီတင်းပတ်ကုန် ပရီးမီးယားလိဂ် ပွဲမှာတော့ လိဒ်စ် ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။