ဒီည ပါမယ့် ရိုဒရီ၊ မတူညီတဲ့ ဟာလန်း၊ ဂွမ်ဒိုဂန် ကို ချိန်လာတဲ့ အာတီတာနဲ့ နောက်ဆုံးထွက် မန်စီးတီး သတင်းတိုများ

ကွင်းလယ်လူ ရိုဒရီဟာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့မယ့်အချိန်မီ ကြံ့ခိုင်မှု ပြည့်ဝလာလိမ့်မယ်လို့ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။ ရိုဒရီဟာ မာဆေးဆိုက်က ပွဲမှာ ပွဲချိန်နှောင်းပိုင်းကျမှ ကွင်းထဲကနေ ထွက်ခွာခဲ့ရပေမယ့်လဲ ဒဏ်ရာပြဿနာ စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။

စီးတီးဟာ ပထမအကျော့ မက်ဒရစ်မှာ တစ်ဂိုးစီ သရေကျပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို အီတီဟဒ်မှာ ကစားရမှာဖြစ်ပါတယ်။

ပက် ဂွာဒီယိုလာကတော့ ပထမအကျော့မှာ ဟာလန်း ဘာမှ မလုပ်နိုင်ခဲ့ပေမယ့် ဒုတိယ အကျော့မှာ ရီးရဲလ်မက်ဒရစ်က မတူညီတဲ့ ဟာလန်းကို တွေ့ရမှာ ဖြစ်ကြောင်း အခိုင်အမာ ဆိုလိုက်ပါတယ်။

မန်စီးတီးရဲ့ ဂွမ်ဒိုဂန်ဟာ နောက်နွေရာသီမှာ အလွှတ်စာချုပ်ဖြင့် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ ဘာစီလိုနာဟာ လက်ရှိမှာ မက်ဆီနဲ့ ဇူဘီမန်ဒီတို့ရဲ့ အပြောင်းအရွှေ့တွေကို ဦးစားပေးနေပေမယ့် ၂ယောက်ထဲက ၁ယောက်ကို မခေါ်နိုင်ရင် ဂွမ်ဒိုဂန်ကို စဉ်းစားသွားမှာပါ။

ဘိုင်ယန်မြူးနစ်ဟာ ကန်ဆယ်လိုကို ယူရိုသန်း ၇၀ နဲ့ အပြီးသတ်ဝယ်ယူခွင့် ရွေးချယ်စရာနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် မချရသေးဘူးလို့ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က ပြောပြခဲ့ပါတယ်။

အာဆင်နယ်အသင်း နည်းပြ အာတီတာဟာ လာမယ့် ဈေးကွက်ထဲမှာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်အပြင် မန်စီးတီးနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဂန်ဒိုဂန်ကိုပါ ပစ်မှတ်ထားလာနိုင်တယ်လို့ သိရပါတယ်။

ဘောလုံးပရိသတ်အချို့ဟာ ပရီးမီးယားလိဂ်က မန်စီးတီးကြောင့် ဘွန်ဒက်စ်လီဂါနဲ့ လာလီဂါလိုမျိုး တစ်ကောင်တည်းပြေးတဲ့ ပြိုင်ပွဲအဖြစ် ပြောင်းလဲလာနေတယ်လို့ ယုံကြည်နေကြပါတယ်။