ဘရန့်ဖို့ဒ် – မန်စီးတီး ပွဲ အတွက် ဘီဘီစီမှ ပင်တိုင် ဆရာကြီး ခရစ်ဆက်တန်ရဲ့ သုံးသပ် ဟောကိန်းထုတ်ချက်

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းဟာ ဒီရာသီ လိဂ် နောက်ဆုံးပွဲ အဖြစ် မနက်ဖြန် တနင်္ဂနွေနေ့မှာ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

ပွဲကတော့ မေ ၂၈ ရက်၊ တနင်္ဂနွေနေ့၊ ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ဘရန့်ဖို့ဒ်နဲ့ စီးတီး ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်း လာပါတယ်။

” ဘရန့်ဖိုဒ့်က သိပ်ကောင်းတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဒုတိယရာသီ ရှေ့ဆက်ဖို့က ခက်ခဲပေမယ့်လို့ ဘရန့်ဖိုဒ့်က အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပါတယ်။

ဘရိုက်တန်က ချန်ပီယံတွေကို ပွဲကောင်းဖြစ်စေခဲ့သလိုပဲ ဒီပွဲမှာလည်း ဘရန့်ဖိုဒ့်က လုပ်ပြနိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ ပက်ဂွာဒီယိုလာက ပွဲတိုင်းကို အနိုင်ရလိုတာကို ဘရိုက်တန်ပွဲမှာ ပြသခဲ့တယ်။

ဒါပေမယ့်လို့ သူ့ ကစားသမားတွေက အက်ဖ်အေဖလား ဖိုင်နယ်နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်တွေအပေါ် စိတ်ရောက်နေမှာပါ။ စီးတီးပဲ အနိုင်ရသွားမှာပါ။ ဒါပေမယ့် ပွဲက အကြိတ်အနယ် ရှိပါလိမ့်မယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ ဘရန့်ဖို့ဒ် ၁-၂ မန်စီးတီး ဖြစ်ပါတယ်။