ဂွာဒီယိုလာ အလိုအပ်ဆုံး ကစားသမားတွေအတွက် ပေါင် သန်း ၂၀၀ ငွေထုတ် ပြင်ထားတဲ့ မန်စီးတီး
မန်စီးတီးအသင်းဟာ သူတို့ရဲ့ ဆုဖလား ၃ လုံး ချန်ပီယံဆိုတဲ့ နေရာကို ဆက်လက် ထိန်းသိမ်းဖို့ နွေမှာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်သွားဦးမှာပါ။
ဂွာဒီယိုလာအတွက် စီးတီးဘက်က အသုံးစရိတ် ဘယ်လောက် ထုတ်ပေးမယ်ဆိုတာနဲ့ ဘယ်သူတွေကို ရောင်းထုတ်မယ်ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမယ့်လို့ ကစားသမားသစ် ၃ ဦး ခေါ်ယူရေးအတွက်တင် ပေါင် သန်း ၂၀၀ ကျော် သုံးစွဲသွားနိုင်တယ်လို့ သိရပါတယ်။
ချယ်ဆီးကနေ ကွင်းလယ်လူ ကိုဗာဆစ်ကို ခေါ်ယူထားခဲ့တဲ့ မန်စီးတီးဟာ ကနဦး ပေါင် ၂၅ သန်းနဲ့ ထပ်တိုးကြေး ပေါင် ၅ သန်းပေးဖို့ သဘောတူထားပါတယ်။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ ဘာစီလိုနာကို ပြောင်းသွားမယ့် ဂွမ်ဒိုဂန်နေရာ အစားဝင်ပေးမှာပါ။
မန်စီးတီးဟာ ဒီကနေ့မှာပဲ အာဆင်နယ်တို့ ၂ ကြိမ်တောင် ချိတ်ဆက်ခဲ့ပြီး မအောင်မြင်ဖြစ်ထားတဲ့ ဒီကလန်ရိုက်စ်အတွက် ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။ ဝက်စ်ဟမ်းဘက်က ကွင်းလယ်လူအတွက် ပေါင် သန်း ၁၀၀ တောင်းဆိုနေပြီး အာဆင်နယ်ရဲ့ ဒုတိယမြောက် ကမ်းလှမ်းမှုဟာ ပေါင် သန်း ၉၀ ထိ ရောက်ထားပါပြီ။

ဒါ့အပြင် လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီယိုအတွက်လည်း ပုဂ္ဂိုလ်ရေး သဘောတူညီမှုရဖို့ နီးစပ်နေကာ ပြောင်းရွှေ့ကြေးအားဖြင့် ပေါင် သန်း ၇၀ ကျော် ကျသင့်မယ်လို့ သိရပါတယ်။
စီးတီးဟာ ဘာနာတို၊ ကန်ဆယ်လိုတို့ရဲ့ အနာဂတ်ကို စီစဉ်ပေးရမှာ ဖြစ်ခြင်းနဲ့အတူ ဘယ်အစွန်လူသစ် တစ်ဦးကိုလည်း ခေါ်ယူဖို့ စဉ်းစားနေသေးတာ ဖြစ်ပါတယ်။
