ကမ္ဘာ့ အကောင်းဆုံးအသင်း မန်စီးတီး ကို အာဆင်နယ် လူငယ်အသင်းက အရေးနိမ့်ခဲ့ရတာ လို့ ဖြေသိမ့် နေတဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက ပြီးခဲ့တဲ့ရာသီမှာ သူတို့ အသင်း မန်စီးတီး ကျော်တက်ခြင်း ခံရပြီး ချန်ပီယံဆုနဲ့ လွဲချော်ရတဲ့ အဓိကအချက် ၂ ချက်ကို ပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ရက်ပေါင်း ၂၄၈ ရက်ကြာ ဦးဆောင်နိုင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ မန်စီးတီးက ကျော်တက်ပြီး ရယူခဲ့တာဖြစ်ပါတယ်။
ရာသီသိမ်းချိန်မှာ အာဆင်နယ်ဟာ စီးတီးနောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ရာသီမစခင်တုန်းက ထိပ်ဆုံး ၄ သင်းနေရာအတွက်ပဲ ဦးတည်ခဲ့တာဖြစ်ပါတယ်။
အာတီတာက ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့လို့ နာကျင်ခံစားရပြီး ကမ္ဘာ့ အကောင်းဆုံး အသင်းကို သူ့ လူငယ်အသင်းက အရေးနိမ့်ခဲ့ရတာ လို့ ပြောကြားလိုက်ပါတယ်။
“ ကျွန်တော်တို့ ၁၀ လကြာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီး ချန်ပီယံမဖြစ်ခဲ့လို့ နာကျင်ရပါတယ်။ ဒါပေမယ့် ဒါက အားကစားပါ။
အသင်းလူအင်အား အပြည့်ရှိတုန်းက ကျွန်တော်တို့ တည်ငြိမ်ခဲ့ပါတယ်။ ပြဿနာတွ ေရောက်လာ ချိန်မှာတော့ ကျွန်တော်တို့ မတည်ငြိမ်တော့ပါဘူး။
ပြိုင်ဘက်က ကမ္ဘာ့အကောင်းဆုံးအသင်းပါ။ ပြီးတော့ ကမ္ဘာ့အကောင်းဆုံး လူစာရင်းလည်း ရှိပါတယ်။ ကမ္ဘာ့အကောင်းဆုံး နည်းပြလည်း ရှိပါတယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိသလို လက်ခံရမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
လီဗာပူး၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်နဲ့ ပွဲတွေမှာ အာဆင်နယ်က အမှတ်တွေလျော့ခဲ့တာဖြစ်ပြီး အာတီတာက အဆိုပါအချက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာတီတာက လာမယ့်ရာသီမှာလည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“ မန်စီးတီးကို ယှဉ်ပြီး ပရီးမီးယားလိဂ်ရချင်တယ်ဆိုရင် မင်းအနေနဲ့ ဧပြီ နဲ့ မေလမှာ အကောင်းဆုံး ကစားသမားတွေရှိနေဖို့ လိုအပ်ပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။
