အာဆင်နယ်ထံ ဒီကလန်ရိုက်စ် မရောက်ရေး စျေးတူ ဝင်ကမ်းလှမ်းတဲ့ မန်စီးတီး
မန်စီးတီးကော အာဆင်နယ်ပါ ဒီအပတ်ထဲ ဒီကလန်ရိုက်စ်အတွက် ကမ်းလှမ်းမှု လုပ်ကြမယ်လို့ သိထားရာက မန်ချက်စတာဘက်က လှုပ်ရှားမှု ရှိလာခဲ့ပါပြီ။
မန်စီးတီးဟာ ရိုက်စ်အတွက် ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်အတွက် ကမ်းလှမ်းမှု စတင်လိုက်ပြီဖြစ်ကြောင်း The Athletic က ဖော်ပြလာပါတယ်။ကနဦး ပေါင်း သန်း ၈၀ အပြင် ဆုကြေးအဖြစ် ပေါင် ၁၀ သန်း အပိုပေးမယ့် ထပ်ဆောင်းကြေးနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင် ဂွမ်ဒိုဂန်ကို လက်လွတ်ရမှာဖြစ်သလို ဘာနာတိုရဲ့ အနာဂတ်လည်း မသေချာသေးတာမို့ မန်စီးတီးဘက်က ချယ်ဆီးမှ ကိုဗာဆစ် တစ်ဦးတည်းဖြင့် တင်းတိမ်မနေဘဲ ရိုက်စ်ကိုပါ ချိတ်ဆက်လာခြင်း ဖြစ်ပါတယ်။
အာဆင်နယ်ဘက်က ဒီကလန်ရိုက်အတွက် ကနဦး ပေါင် ၇၅ သန်း၊ ထပ်တိုးကြေး ပေါင် ၁၅ သန်း စုစုပေါင်း ပေါင် သန်း ၉၀ တန် စာချုပ်ဖြင့် ချိတ်ဆက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ကာ ဒီအပတ်ထဲ နောက်တစ်ကြိမ် ထပ်ကမ်းလှမ်းဦးမှာ ဖြစ်ပါတယ်။
အင်္ဂလန် ထိပ်သီးနှစ်သင်း စျေးပြိုင် ကမ်းလှမ်းမှုက တစ်ဆင့် ရိုက်စ်အတွက် ပေါင် သန်း ၁၀၀ ထိရဖို့ ဝက်စ်ဟမ်းဘက်က မျှော်လင့်နေတာ ဖြစ်ပါတယ်။
