ကိုဗာဆစ်ပြီးနောက် ကွင်းလယ် ပစ်မှတ် အသစ်အဖြစ် ဘာစီလိုနာ ကြယ်ပွင့်ကို ချိန်ရွယ်လာတဲ့ မန်စီးတီး
မန်စီးတီးဟာ ဒီနွေမှာ ကွင်းလယ်လူသစ် ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေဆဲဖြစ်ကာ ဒီကလန်ရိုက်စ်ကို မရခဲ့တာမို့ နောက်ထပ် ပစ်မှတ်တွေ ရှာဖွေနေပါပြီ။
ဖလား ၃ လုံးချန်ပီယံတွေဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကို ပေါင် သန်း ၉၀ ဖြင့် ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အာဆင်နယ်က ပိုကောင်းတဲ့ စာချုပ်ဖြစ်တဲ့ ပေါင် ၁၀၅ သန်းတန် အဆိုတင်သွင်းမှု အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။
ဂွမ်ဒိုဂန် ထွက်ခွာသွားတဲ့ နေရာကို ကိုဗာဆစ်ဖြင့် အစားထိုးထားပေမယ့်လို့ ဂွာဒီယိုလာက နောက်ထပ် ကွင်းလယ်လူသစ် ခေါ်ယူလိုနေပါတယ်။ အဲ့အတွက် ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်းကို မျက်စိကျလာနေပြီ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် နယ်သာလန်သားကို မနှစ်ကနွေမှာ နည်းပြတန်ဟက်ရဲ့ မန်ယူနိုက်တက်က အတော်လေး ကြိုးစားခဲ့တာပါ။ ဒါပေမယ့်လို့ ဒီဂျောင်းက ဘာစီလိုနာမှပဲ ဆက်လိုနေခြင်းနဲ့အတူ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီနွေမှာလည်း ဒီဂျောင်းက ဘာစီလိုနာမှာပဲ ဆက်နေလိုပေမယ့်လို့ မန်စီးတီးဘက်က ကြိုးစားခဲ့ရင် ဘယ်လို တုန့်ပြန်မလဲ စောင့်ကြည့်ရမှာပါ။ လက်ရှိ ဘောလုံးလောကရဲ့ ဆွဲဆောင်မှု အရှိဆုံး ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ မန်ချက်စတာ အသင်းမှာ ကွင်းလယ် ကျောရိုးအဖြစ် ပါဝင်ရမှာကို ဒီဂျောင်း သဘောကျမယ် ယူဆရပါတယ်။
သူ့အတွက် ပြောင်းရွှေ့ကြေးက ယူရို သန်း ၁၀၀ ထက်တော့ နည်းနိုင်မယ်လို့ ယူဆရပြီး ရိုက်စ်ကို ကမ်းလှမ်းမှု လုပ်ခဲ့တဲ့ မန်စီးတီးတို့ အဆင်ပြေနိုင်မယ့် ပမာဏမျိုး ဖြစ်လာဖွယ် ရှိပါတယ်။
