မန်ယူ အသည်းအသန် ကြိုးစားပေမယ့် မရခဲ့တဲ့ ကစားသမားကို စီးတီးက ခေါ်ပြနိုင်မလား

စီးတီး ကနေ ထွက်ခွာသွားခဲ့တဲ့ ဂန်ဒိုဂန်ရဲ့ နေရာကိုအစားထိုးဖို့အတွက် ပပ်ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ဘာစီလိုနာကွင်းလယ်လူဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့အတွက် စဉ်းစားနေပါတယ်။ ဒီဂျောင်ကတော့ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့သူပါ။

ဒါပေမယ့် ယူနိုက်တက်က သူ့အတွက် ၂ လကြာ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ကစားသမား ကိုယ်တိုင်က ဘာစီလိုနာမှာပဲ ကစားချင်တယ်လို့ ဖွင့်ဟခဲ့ကာ ယူနိုက်တက်ကို ငြင်းဆန်ခဲ့လို့ မန်စီးတီး လည်း ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ်ရှိပါတယ်။

ဒါပေမယ့် မန်စီးတီးရဲ့ ဆုဖလားအတွက် အာမခံချက်၊ ပုံမှန်ကစားခွင့်ပေးမယ့် အခြေအနေ၊ ဆုကြေးငွေနဲ့ လုပ်ခလစာတွေကို မက်မောဖွယ်ရာပေးချေနိုင်တဲ့ အနေအထားတွေက ဒီဂျောင်ကို ဆွဲဆောင်နိုင်ဖွယ်ရာ ရှိနေလို့ ဒီအပြောင်းအရွှေ့ဖြစ်လားမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

မန်စီးတီးဟာ ဝက်စ်ဟမ်းကွင်းလယ်လူဒီကလန်ရိုက်ကိုလည်း ကြိုးစားခဲ့ပေမယ့် အာဆင်နယ်က လက်ဦးမှု ရယူသွားနိုင်ခဲ့ပါတယ်။ ဒီဂျောင်က ပြီးခဲ့တဲ့ရာသီမှာ ဇာဗီရဲ့ အဓိကကစားသမားဖြစ်ခဲ့ပြီး အသင်းကို လာလီဂါဖလားရအောင် ကူညီပေးနိုင်ခဲ့ကာ ချန်ပီယံလိဂ်မှာလည်း ကစားခွင့်ရရှိမှာဖြစ်ပါတယ်။

ဘာစီလိုနာမှာ ဘဏ္ဍာရေးပြသနာရှိနေတာမှန်ပေမယ့် ဒီဂျောင်က သူတို့ရဲ့ အဓိကကစားသမားဖြစ်နေလို့ ရောင်းချဖို့တော့ ခဲယဉ်းပါတယ်။

သတင်းတွေအရ ဒီဂျောင်ဟာ ဘာစီလိုနာမှာ အခွန်ဆောင်အပြီး တပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ရရှိနေကာ မန်စီးတီးကလည်း အဆိုပါ ပမာဏ အတိုင်း ပေးချေသွားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။