ချယ်ဆီး နည်းပြသစ်ရဲ့ ဝံ့ဝံ့ကြွားကြွား စကားတစ်ခွန်းကို မန်စီးတီး ပရိသတ်တွေ လှောင်ရယ်

ချယ်ဆီးအသင်းဟာ သူတို့နည်းပြသစ်အဖြစ် စပါးအသင်းရဲ့ မန်နေဂျာဟောင်း ပိုချက်တီနိုကို တာဝန်ပေးခဲ့ကာ တနင်္လာနေ့တုန်းက ကိုဟမ်လေ့ကျင့်ရေးမှာ ပထမဆုံး အင်တာဗျူးကို ပြုလုပ်ခဲ့ပါတယ်။

လန်ဒန်မှာ ဒါဘီပြိုင်ဘက် စပါးအသင်းကို ၅ နှစ်ခွဲကြာ ကိုင်တွယ်ဖူးတဲ့ ပိုချက်တီနိုဟာ ပထမဆုံး အင်တာဗျူးမှာတင် ချယ်ဆီးနဲ့ ပတ်သက်ပြီး အထင်ကြီးမှုကို ထုတ်ပြောသွားခဲ့ပါတယ်။ ဒါပေမယ့်လို့ သူ့ရဲ့ ပြောဆိုမှုဟာ စီးတီးပရိသတ်တွေ ဟားစရာ ဖြစ်နေခဲ့တာပါ။

ပိုချက်တီနိုက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်အတွင်း အင်္ဂလန်မှာ ချယ်ဆီးလောက် အောင်မြင်မှု ကြီးမားတဲ့ အသင်း မရှိကြောင်းကို ‘ ကုန်ခဲ့တဲ့ ၁၀နှစ် ၁၅ နှစ်လောက်မှာ ချယ်ဆီးက အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းပါ။ ဒါကို ကျနော်တို့ အားလုံး သိကြပါတယ်။ ’ လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီ ၁၅ နှစ်အတွင်း စီးတီးဟာ ပရီးမီးယားလိဂ်ဖလား ၇ ကြိမ် အနိုင်ရခဲ့ပြီး ချယ်ဆီးက ၃ ကြိမ်ပဲ အနိုင်ရထားမှုကို ထောက်ပြပြီး ပိုချက်တီနိုရဲ့ စကားကို စီးတီးပရိသတ်တွေ လှောင်ရယ်ခဲ့ကြပါတယ်။

ပိုချက်တီနိုရဲ့ စကားကြောင့် ကုန်ခဲ့တဲ့ ၁၅ နှစ်အတွင်း နှစ်သင်း ဆုဖလား အောင်မြင်မှုတွေကို ဖော်ထုတ်မှုတွေ ရှိလာခဲ့ပေမယ့် စီးတီးပရိသတ်တွေကတော့ ကြိုက်တဲ့ ဖလားကို ရွေးလိုက် အနိုင်ရဖို့ ရေပန်းအစားဆုံးက စီးတီးလား? ချယ်ဆီးလား? လို့ ပြတ်ပြတ်သားသား တုန့်ပြန်နေကြတာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို ၃ ရာသီ ဆက်တိုက် အောင်မြင်ထားသလို အင်္ဂလန်လိဂ်မှာ မော်ကြည့်လို့ မရတဲ့ အဆင့်ထံ ရောက်ရှိနေပြီ ဖြစ်ပါတယ်။