လူငယ် ဂိုးသမားလေးကို ဘန်လေအသင်းထံ ဈေးကောင်းနဲ့ ရောင်းထုတ်လိုက်တဲ့ မန်စီးတီး
မန်စီးတီး အသင်းဟာ ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို ပရီးမီးယားလိဂ်တန်းတက် ဘန်လေ အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။
ဘန်လေက ဂျိမ်းစ်ထရက်ဖို့ဒ်ကို ၄ နှစ်စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပါတယ်။ မန်စီးတီးဟာ ဂျိမ်းစ်ထရက်ဖို့ဒ် အတွက် ပေါင် ၁၅ သန်း ရရှိလာမှာ ဖြစ်ပြီး ကျန်ပေါင် ၄ သန်းကို အောင်မြင်မှု အပေါ် မူတည်ပြီး ရရှိလာပါမယ်။
ဒါ့အပြင် မန်စီးတီးဟာ ဂျိမ်းစ်ထရက်ဖို့ဒ်ရဲ့ အရောင်းစာချုပ် အတွင်းတွင် ဘန်လေအနေဖြင့် ရောင်းချလာပါက ၂၀ ရာခိုင်နှုန်း ထပ်မံ ရရှိလာဦးမဲ့ အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
အသက် ၂၀ နှစ်ရှိ ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲမျှ မကစားရသေးသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီ အား အက်ခရင်တန်၊ ဘော်လ်တန်တို့တွင် အငှားဖြင့် သွားကစားခဲ့သူ ဖြစ်ပါတယ်။
ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ ဘန်လေသမိုင်းတွင် ပြောင်းရွှေ့ကြေးအမြင့်မားဆုံးကစားသမားလည်း ဖြစ်လာပါတယ်။
သူဟာ နွေရာသီတုန်းက အင်္ဂလန်ယူ-၂၁ အသင်းနှင့်အတူ ယူရို ယူ-၂၁ ဖလားဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပြိုင်ပွဲတစ်လျှောက် ဂိုးတစ်ဂိုးမျှ မပေးရဘဲ ချန်ပီယံဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ဘန်လေအတွက် ပထမဆုံးပွဲအဖြစ် ဩဂုတ်လ ၁၁ ရက်နေ့မှာ မန်စီးတီးနှင့်ပွဲမှာ စတင်ကစားလာဖို့ ရှိပါတယ်။
