တတိယ ဝတ်စုံသစ်၊ ဘာပေကို စိတ်မဝင်စားခြင်း၊ သက်တမ်းတိုး ခံရမယ့် ခံစစ်မှူးနဲ့ နောက်ဆုံးရ မန်စီးတီး သတင်းတိုများ
မန်စီးတီးနဲ့ ချယ်ဆီးအသင်း တို့ဟာ ပဲလေစ့်ကွင်းလယ်လူ မိုင်ကယ် အိုးစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထား နေကြပါတယ်။ ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၃၅ သန်းဖြစ်ပြီး ချယ်ဆီးကတော့ စီးတီးထက် သာအောင် ပေါင် ၃၉ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
ဒီနွေမှာ အမ်ဘာပေ ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ပီအက်စ်ဂျီဟာ သူ့ ကစားသမားကို ခေါ်ယူဖို့ စီးတီး အပါအဝင် ဥရောပ အသင်းကြီးတွေထံ ချဉ်းကပ် မေးမြန်းခဲ့ကြောင်း သိရပြီး ယူနိုက်တက်ကသာ စိတ်ဝင်စားဟန် ပြသထားပါတယ်။
မန်စီးတီးအသင်း လာမယ့်ရာသီမှာ ဝတ်ဆင်မယ့် တတိယ ဝတ်စုံသစ် ဒီနေ့မှာ အလန်းစား ထွက်ပေါ်လာပါတယ်။

မန်စီးတီးအသင်းဟာ နောက်ခံလူ နေသန်အကီကို ကာလရှည်စာချုပ်သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ အကီဟာ စာချုပ်သစ်မှာ လစာအများအပြားပိုရမှာဖြစ်ပြီး မကြာခင်မှာ တရားဝင်ကြေညာနိုင်မယ်လို့ ဆိုပါတယ်။
စီးတီးရဲ့ နော်ဝေ ဂိုးသွင်းစက် အာလင်း ဟာလန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းအတွက် အကောင်းဆုံး အကျိုးပြုပြီး ကစားနိုင်ခဲ့သလို အခု ရာသီသစ်မှာလည်း သူရဲ့ စီးတီး ကစားသမားဘဝ ပွဲဦးထွက် ရာသီကထက်ပင် ပိုပြီး ကြံခိုင်လာကာ ခြေစွမ်းကောင်းတွေ ပိုမို ပြသလာနိုင်ဦးမယ်လို့ မန်စီးတီး နည်းပြ ပက်ပ် ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။
