ပါကွီတာ အတွက် ဝက်စ်ဟမ်း မငြင်းနိုင်တဲ့ ပမာဏမျိုးနဲ့ ဒုတိယအကြိမ် ကမ်းလှမ်းဖို့ မန်စီးတီး ပြင်ဆင်

မန်ချက်စတာစီးတီးအသင်း ဟာ အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို အကောင်းဆုံး ကူညီပေးနိုင်မယ့် ကစားသမားတစ်ဦး ဖြစ်တဲ့ လူးကပ်စ် ပါကွီတာ ကို ဝက်စ်ဟမ်းအသင်းကနေ ခေါ်ယူဖို့ ထပ်မံ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။

ပါကွီတာ အတွက် ပထမအကြိမ်မှာ ပယ်ချခံခဲ့ရတဲ့ ပေါင် သန်း ၇၀ ကမ်းလှမ်းမှုထက် ဒီတကြိမ်မှာ ပိုလိမ့်မယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်က လိုင်ယွန်မှ ဝက်စ်ဟမ်းသို့ ပေါင် ၅၁ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ပါကွီတာ ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အထင်ကြီးလောက်စရာခြေစွမ်းကို ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနွေမှာ ဒီကလန် ရိုက်စ်ကို လက်လွှတ်ထားရမှုကြောင့် ဝက်စ်ဟမ်းက အဓိက ကစားသမားတစ်ဦးကို ထပ်မံ မဆုံးရှုံးလိုပေမယ့် ထိန်းမရရင်တော့ ပေါင် သန်း ၈၀ အထက်မှာ လက်လွှတ်ဖွယ် ရှိကြောင်းလည်း ခန့်မှန်း နေကြပါတယ်။

ပပ်ဂွါဒီယိုလာဟာ ယခုနွေရာသီမှာ ဂွမ်ဒိုဂန်နဲ့ မာရက်ဇ်တို့လို အဓိက ကစားသမားနှစ်ဦးကို ဆုံးရှုံး ထားရတာကြောင့် ချဲလ်ဆီးကွင်းလယ်လူ ကိုဗာဆစ်ကိုခေါ်ယူပြီး အားဖြည့်ထားသော်လည်း နောက်ထပ် တိုက်စစ် အားသန်တဲ့ ကစားသမားတွေကိုထပ်မံရှာဖွေနေတာဖြစ်ပါတယ်