နူးနက်စ် မန်စီးတီး ရောက်ပါပြီ၊ စီးတီး လူငယ် ကြယ်ပွင့်လေးကိုလည်း ဝုဗ်ဆီ ပေးလိုက်ရပါတယ်

မန်စီးတီးအသင်းဟာ ဝုဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ် ကစားသမား မာသီးယပ်စ် နူးနက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီး ခေါ်ယူင်ခဲ့ပါပြီ။ နာမည်ကြီး သတင်းထောက် ရိုမန်နိုကလည်း Here we go လို့ အတည်ပြုသွားပါတယ်။

နူးနက်စ် အတွက် ပြောင်းရွှေ့ကြေးက ယူရို သန်း (၆၀) + အပိုဆုကြေး ဖြစ်ပါတယ်။

အပြောင်းအရွှေ့နဲ့ အတူ စီးတီး ကစားသမားလေး တွမ်မီ ဒွိုင်းလ် က ဝုဗ်အသင်းဆီ ပြန်လည် ပြောင်းရွှေ့မယ်လို့လည်း သိရပါတယ်။

ဝုဗ် ကွင်းလယ် ကစားသမား မက်သီးယပ် နူနက်စ် ဟာ ဈေးကွက် မပိတ်ခင် အမှီ မန်စီးတီးထံအပြောင်းအရွှေ့ကို တွန်းအားပေးဖို့ အတွက် ဝုဗ်နဲ့ လေ့ကျင့်ရေးဆင်းဖို့ ငြင်းဆန်ခဲ့သေးတာပါ။

၎င်းအတွက် စီးတီးရဲ့ ပေါင် ၄၇သန်းနဲ့ အဖွင့်ကမ်းလှမ်းမှုကို ဝုဗ်က ငြင်းပယ်ခဲ့တာဖြစ်ပြီး ဆက်လက် ညှိနှိုင်းမှုတွေကနေ အခုလို သဘောတူညီမှု ရသွားခဲ့တာ ဖြစ်ပါတယ်။၏

အသက် ၂၅နှစ်အရွယ် ကွင်းလယ်လူဟာ ပက်ဂွာဒီယိုလာရဲ့အသင်းထံ ပြောင်းချင်ကြောင်း ဖွင့်ဟပြောဆိုထားဖူးပါတယ်။ လက်ရှိမှာ ဆေးစစ်မှုနဲ့ အပြောင်းအရွှေ့ ကိစ္စတွေ အပြီးသတ်ဖို့ နူးနက်စ် မန်စီးတီးထံ လာနေပြီ လို့သိရပါတယ်။