ဂွါဒီယိုလာက တောင်းဆိုမှု များပြီး ရက်စက်တတ်သူ ဖြစ်ကြောင်း ပြင်သစ်သတင်းဌာနနဲ့ အင်တာဗျူးမှာ ဟာလန်း ဖွင့်ဟ

မန်စီးတီး တိုက်စစ်မှုး ဟာလန်းက ပက်ဂွါဒီယိုလာဟာ တောင်းဆိုမှုများပြားတဲ့ နည်းပြတစ်ဦးဖြစ်တာကြောင့် တခါတရံမှာ ရက်စက်တက်တယ်လို့ ဝန်ခံပြောဆိုလိုက်ပေမယ့် သူတို့နှစ်ဦးကြား ဆက်ဆံရေးဟာ အတော်လေးကောင်းမွန်နေတယ်လို့ ရှင်းပြသွားပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်စီးတီးအတွက် ဟာလန်းက သွင်းဂိုး ၅၆ ဂိုးအထိ စံချိန်တင်ရယူပေးခဲ့ပြီးနောက် သမိုင်းဝင်ဖလားသုံးလုံးအောင်ပွဲကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခုဘောလုံးရာသီမှာလည်း မန်စီးတီးအတွက် သွင်းဂိုးတွေ ဆက်လက်ရှာဖွေပေးရင်း အကောင်းဆုံးခြေစွမ်းပြနေသလို ၂၀၂၃ဘော်လွန်းဒီအော်ဆု အတွက် မက်ဆီနဲ့အပြိုင်ရေပန်းစားနေတဲ့ ဟာလန်းက နည်းပြပက်ဂွါဒီယိုလာနဲ့ သူ့အကြား ဆက်ဆံရေးကို ပြင်သစ်နာမည်ကြီးသတင်းဌာန L’Equipe နဲ့တွေ့ဆုံချိန် ဖွင့်ဟလာပါတယ်။

ဟာလန်းက “ ပက်ဂွါဒီယိုလာက ခင်ဗျားဆီကနေ အများကြီးတောင်းဆိုပါလိမ့်မယ်။ ဒီလိုတောင်းဆိုမှုများပြားတဲ့ နည်းပြတစ်ဦးနဲ့ဆိုရင် ခင်ဗျား ပေါ့တီးပေ့ါဆ ဖြစ်ကတတ်ဆန်း လုပ်လို့ မရတော့ပါဘူး။ ဒါက သူ့ရဲ့နည်းပြတဲ့ပုံစံပါ။

ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်အောင်လုပ်ဆောင်ဖို့ဆိုတာ အဲ့ဒီလို တိုက်ရိုက်ဆန်တဲ့နည်းလမ်းနဲ့ အမှန်တရား တစ်ခုလုံးရှိနေတာ ပိုကောင်းပါတယ်။ တခါတရံမှာတော့ ဒါက ရက်စက်လွန်းတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒါကို ကြိုက်ပါတယ်။ ဒီလိုအရာတွေကပဲ ပက်ဂွါဒီယိုလာဟာ လုံးဝ စိတ်အားထက်သန်နေတယ်ဆိုတာ ပြသနေပါတယ်”

ဘန်လေနဲ့ ပွဲတုန်းကလည်း သူ ဘယ်လိုလဲ ဆိုတာ မြင်တွေ့ခဲ့ရပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ သူ့ရဲ့ကတိတည်မှုနဲ့ စိတ်အားထက်သန်မှုကို အလုံးစုံပြသနေတာကြောင့် ကျွန်တော် ဒါကို ကျေးဇူးတင်ပါတယ်။

အမြဲတမ်း သာယာနေတာမျိုး မဟုတ်ပေမယ့် တချိန်တည်းမှာလိုပဲ ဒါက ခင်ဗျားကို အမှန်တရားနဲ့ မျက်နှာချင်းဆိုင်စေပြီး ခင်ဗျားကို ပိုကောင်းတဲ့ ကစားသမားဖြစ်လာစေလိုတဲ့ သူ့ရဲ့စိတ်ရင်းကိုလည်း သိသာစေပါတယ်။

“ကျွန်တော်တို့နှစ်ဦးကြားမှာ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိပါတယ်။ အမှန်ပါပဲ၊ ပက်ဂွါဒီယိုလာက သူ့ရဲ့အလုပ်နဲ့ ပတ်သက်လို့ တောင်းဆိုမှု အရမ်းများပြားပါတယ်။ သူပြောချင်တာကို ပွင့်ပွင့်လင်းလင်းနဲ့ တိုက်ရိုက်ပြောလေ့ရှိပါတယ်။

ဒါပေမယ့် ဒါကပဲ သူ့ရဲ့နည်းပြတဲ့ပုံစံ၊ စီမံခန့်ခွဲတဲ့ပုံစံဖြစ်သလို ပျော်စရာကောင်းပါတယ်။ အပြုံးပန်းတွေ ဝေဆာနေရင်း ဒီအသင်းဟာ နှစ်အတော်ကြာ အတူရှိလာခဲ့တာ သက်သေပါပဲ”လို့ ပြောပါတယ်။