ဒီည ဝက်စ်ဟမ်း – မန်စီးတီး ပွဲစဉ် အတွက် ခရစ်ဆက်တန် ရဲ့ ပွဲကြို ဟောကိန်းထုတ်ချက် ထွက်ပေါ်လာပါပြီ

ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန် ကစားချိန်မှာ မန်ချက်စတာ စီးတီးက ဝက်စ်ဟမ်း အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။

ပွဲက ဒီနေ့ စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန် မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန် ကတော့ ဝက်စ်ဟမ်း – မန်စီးတီး ပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်လာပြီ ဖြစ်ပါတယ်။

ဆက်တန်ရဲ့ ပွဲကြို ခန့်မှန်းချက်

မန်ချက်စတာ စီးတီးကတာ့ ဒီပွဲ ဘောလုံး ပိုင်ဆိုင်မှုကို လုံးဝ ထိန်းချုပ်ထားပါလိမ့်မယ်။ ဒါပေမယ့် ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ်က ဒါကို ဂရုစိုက်နေမှာ မဟုတ်ဘူး။

ဝက်စ်ဟမ်းက ခံစစ်ပိတ် ကစားပြီး တိုက်စစ် ပြန်ဖောက်ဖို့ ချောင်းနေမှာပါ။ သူတို့က အဲဒီလို ကစားတာ သိပ်ကောင်းတယ်။ မိုယက်စ်က ဒီလိုပွဲမျိုးဆို ကောင်းကောင်း လုပ်နိုင်လေ့ ရှိတယ်။ သူတို့ ခံစစ်ကို လုံးဝ ပိတ်ပြီး ဖြိုခွဲရ ခက်အောင် ထိန်းထားနိုင်တယ်။

ဒါက ပက် ဂွာဒီယိုလာရဲ့ တိုက်စစ် ဖလော်ဆော်ဖီနဲ့ လုံးဝ ခြားနားပါတယ်။ ဒါပေမယ့် ဒီလို မတူညီတဲ့ ဗျူဟာတွေကပဲ ဘောလုံးကို ရင်ခုန်စေတဲ့ အကြောင်းအရင်း တစ်ခုပါ။

အဆုံးမှာတော့ မန်စီးတီးက တောင့်တင်းလွန်းတယ်လို့ ကျနော် မြင်ပါတယ်။ သူတို့ရဲ့ ရာနှုန်းပြည့် အနိုင် ကို ဆက်ထိန်းဖို့ စီးတီး တော်တော် အားထုတ်ရပါလိမ့်မယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း ၁-၂ မန်စီးတီး။