ဥရောပ အကောင်းဆုံး ကွင်းလယ်သမား ဖြစ်နေတဲ့ သူ့အသင်းသားအား ဂွာဒီယိုလာ အားရစွာ ချီးကျူး

ဥရောပ လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ ဇီဗက်စ်ဒါအသင်းတို့ ယှဉ်ပြိုင်စကားခဲ့ကြတဲ့ ပွဲစဉ်အတွင်း အထူးခြေစွမ်းပြနိုင် ခဲ့တဲ့ ကွင်းလယ်ကစားသမား ရိုဒရီဂိုအား နည်းပြ ဂွာဒီယိုလာက ချီးကျူးစကားဆိုလိုက်ပါတယ်။

မန်ချက်စတာမြေတွင် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အတွင်း ချန်ပီယံဆုကို ကာကွယ်နိုင်ရန် အာရုံစိုက်နေတဲ့ နည်းပြ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ဇီဗက်စ်ဒါအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ ပထမပိုင်း ပွဲ ကစားချိန် ၄၅မိနစ်အရောက်တွင် ဘူကာရီရဲ့သွင်းဂိုးနဲ့အတူ ဇီဗက်စ်ဒါအသင်းက ပထမပိုင်းကို ၁ဂိုးအသာနဲ့ ဦးဆောင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းက ဒုတိယပိုင်းမှာ အကောင်းဆုံး ပြင်ဆင်လာခဲ့ပြီး ဂျူလီယန် အဲလ်ဗာရက်ဇ်ရဲ့ သွင်းဂိုး ၂ဂိုး အပြင် ပွဲစဉ်တစ်လျှောက် ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ရိုဒရီရဲ့ သွင်းဂိုးနဲ့အတူ နောက်ကလိုက်ကစားပြီး ၃ဂိုး – ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပွဲစဉ်အတွင်းမှာ အဓိက ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ စပိန်ကွင်းလယ်အင်ဂျင်ကစားသမား ရိုဒရီရဲ့ ခြေစွမ်းနဲ့ ပက်သက်လို့ နည်းပြ ဂွာဒီယိုလာက

“အခုအချိန်မှာ ရိုဒရီက ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်နေပါပြီ။ သူ့အနေနဲ့ ဒီထက်ပိုပြီး တိုးတက် လာစေချင်သေးပေမဲ့ အခုအချိန်မှာတောင် အခြားကွင်းလယ်ကစားသမားတွေနဲ့ ယှဉ်ရင် ပိုပြီးတော့ သာနေပါတယ်”

“ကျွန်တော်တို့အသင်းက ရိုဒရီလို ပုံစံမျိုးနဲ့ ကစားသမားတစ်ယောက်ကို စာချုပ် ချုပ် ခေါ်ယူလိုက်နိုင်တာက အတော်လေးကံကောင်းတယ်ဆိုရမှာပါ။ အခု သူက ကျွန်တော်တို့အသင်းရဲ့ အသင်းခေါင်းဆောင်တွေထဲမှ တစ်ယောက်ဖြစ်သလို ထိပ်တန်းကစားသမားတစ်ဦးလည်း ဖြစ်နေပါပြီ” လို့ချီးကျူးစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။