ဒီည ကန်မယ့် ဝုဗ် – မန်စီးတီး ပွဲ အတွက် ပေါမာဆန်ကြီးရဲ့ ကြိုတင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ် ထွက်ပြီ
ဒီနေ့ စနေနေ့ ညမှာတော့ မန်ချက်စတာစီးတီး အသင်းဟာ ဝုဗ်နဲ့ ပရီးမီးယားလိဂ်ပွဲ ကန်ရမှာ ဖြစ်ပြီး အဝေးကွင်း ပွဲစဉ် ဖြစ်ပါမယ်။ ပွဲချိန်ကတော့ စနေနေ့ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့် ဆရာကြီး တစ်ဦ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဝုဗ်နဲ့ မန်စီးတီး ပွဲစဉ် အတွက် ခုလို သုံးသပ် ခန့်မှန်းချက် ထုတ်လာခဲ့ပြီ ဖြစ်ပါတယ်။
ပေါမာဆန် ပွဲကြို သုံးသပ်ချက်

လီဗာပူးကို ရင်ဆိုင်တဲ့ပွဲအတွင်း ပထမပိုင်းမှာ ဝုဗ်အသင်း ကစားခဲ့တာက ကောင်းပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့ လွင့်သွားခဲ့တာပေါ့။ သူတို့က ပြဿနာတွေ ပေးနိုင်တယ်ဆိုပေမယ့် ဒီပွဲကို မန်စီးတီးတို့ နိုင်သင့်ပါတယ်။
ဘောလုံးက ရယ်တော့ ရယ်ရတယ်။ ကာရာဘောင်းပွဲမှာ စီးတီးက ဘောလုံး ပိုင်ဆိုင်မှု ၇၅% ရထားပေမယ့်လို့ သူတို့ ၁-၀ နဲ့ အရေးနိမ့်သွားတယ်။ သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်းမျိုး မဟုတ်ပေမယ့် ပရီးမီးယားလိဂ်မှာ ၆ ပွဲကစား ၆ ပွဲ အနိုင်ရထားတယ်။
မန်စီးတီးက အာဆင်နယ်နဲ့ လီဗာပူးလို ပရီးမီးယားလိဂ် ပြိုင်ဘက်တွေကို အတော်လေး ခက်ခဲအောင် လုပ်နေပါတယ်။ သူတို့က အမှတ်တွေ ဆုံးရှုံးတာမျိုး မဖြစ်သလောက်ပဲ။ ဘောလုံးရာသီ အစောပိုင်းပဲ ရှိသေးတယ်ဆိုပေမယ့် နောက်အပတ် မန်စီးတီးကို ရင်ဆိုင်ရမယ့်ပွဲကို အာဆင်နယ် ရှုံးမယ်ဆိုရင် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုက ထွက်ရပါပြီ။
နက်တိုက ပွဲထွက်ကနေ ခြေစွမ်းပြနေတယ်။ နောက်ရာသီ ကမ္ဘာ့အကောင်းဆုံး အသင်းတွေက သူ့ကို ခေါ်ယူလိုနေမှာပါ။ သူ့အနေနဲ့ ဒီခြေစွမ်းကို ဆက်ထိန်းရင် ဇန်နဝါရီမှာ ဝုဗ်ကနေ အသင်းကြီး တစ်သင်းကို ရောက်နိုင်ပါတယ်။
စီးတီးကစားသမားဘဝ ကယ်ဗင် ဖီးလစ်အတွက် ရွှေရောင် အခွင့်အရေး ရလာပါပြီ။ ဒါပေမယ့်လို့ နောက် ၂ ပွဲပြီးရင် သူ့နေရာ ရိုဒရီက အော်တို နေရာပြန်ရသွားမှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်
ဝုဗ် 1-3 မန်စီးတီး
