အာဆင်နယ် – မန်စီးတီး ပွဲ အတွက် ဂန်းနားတွေ သိပ်ပူဖို့ မလိုဘူး သုံးသပ် ဟောကိန်းထုတ်လာတဲ့ ဆရာကြီး ပေါမာဆန်

မန်စီးတီး အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်းနဲ့ ကန်ရမှာ ဖြစ်ပြီး အမ်းမရိတ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ပွဲကတော့ အောက်တိုဘာ ၈ ရက်၊ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အာဆင်နယ် – မန်စီးတီး ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းချက် ထုတ်ထားပါတယ်။

အင်္ဂါနေ့ကသာ ဒီပွဲအတွက် ကြိုတင် ခန့်မှန်းရမယ် ဆိုရင် ကျွန်တော် အာဆင်နယ် နိုင်မယ်လို့ ထောက်ခံမိမှာပါ။ မန်ချက်စတာ စီးတီးက ရိုဒရီ မပါတော့ အရင်လို မဟုတ်ဘူး ဖြစ်နေတယ်။ အာဆင်နယ်က အခုကျ ဆာကာ၊ မာတင်နယ်လီ မပါဘဲ ဒီပွဲကို ကစားရမှာ။ အာဆင်နယ် နိုင်ဖို့ ကျွန်တော် မထင်တော့ဘူး ဖြစ်သွားပြီ။

ကီဗင် ဒီဘရိုင်းက အခု စီးတီးအတွက် မပါဝင်နိုင်သေးဘူး ဆိုတာ သိထားရပါမယ်။ သူက ဂိုးဖန်တီးမှုတွေ အများကြီး လုပ်တဲ့သူပါ။ ဒါပေမယ့် လူတွေက သူ့ရဲ့ ဖန်တီးမှုတွေ မတိုင်ခင် ဘောလုံး ပေးပို့မှုတွေ သိပ်ကောင်းသေးတယ် ဆိုတာ မေ့နေကြပြန်တယ်။

အာလင်း ဟာလန်းက အများကြီး ပြေးလွှား ကစားပါတယ်။ ဒါပေမယ့် စီးတီးမှာက ဒီဘရိုင်းက လွဲရင် ဘောလုံး ပေးပို့မှုတွေ သိပ်ကောင်းအောင် လုပ်ပြနိုင်တဲ့သူ မရှိလှဘူး ဖြစ်နေတယ်။ ဒါကြောင်ပဲ ဟာလန်း ဂိုးသွင်းဖို့ ဒီတလော ရုန်းကန်နေရတာ လို့ ကျွန်တော် ထင်ပါတယ်။

ရိုဒရီ မပါနိုင်တော့ ကီဗင် ဖိလစ် က ပွဲတိုင်း ပါဝင်ရတော့မယ် လို့ ကျွန်တော် ထင်ခဲ့တာ။ သူက အစားဝင်ဖို့ အသင့် အနေအထား ပုံစံပါ။ ဒါကလည်း ပက် ဂွာဒီယိုလာ ဘာလုပ်ချင်လဲ အပေါ်လည်း မူတည်လိမ့်မယ်။ အာဆင်နယ် အသင်းရဲ့ လက်ရှိ rhythm အရ ဖိလစ် ဒီပွဲ မပါရလောက်သေးဘူး။ ပက်က ကိုဗာဆစ် ကိုပဲ သုံးလောက်ပါတယ်။

အာဆင်နယ် က ပြီးခဲ့တဲ့ အပတ်ကပဲ title race ထဲ ပြန်ဝင်လာပါပြီ။ မန်စီးတီး အကြပ်တွေ့ချိန်မှာ သူတို့ အခွင့်ကောင်း ယူရမှာပါ။ မန်စီးတီးကသာ ဒီပွဲကို သရေကျတယ် ဆိုရင် နောက်ဆုံး ကစားထားတဲ့ ၂ ပွဲမှာ ၁ မှတ်ပဲ ရတယ် ဖြစ်သွားပါမယ်။ ဒါဆိုရင် လီဗာပူးနဲ့ စပါးကိုပါ ပရီးမီးယားလိဂ် ဖလား ဝင်လုဖို့ အခွင့်အရေး ပေးသလို ဖြစ်လာမှာပါ။

ကျွန်တော်ကတော့ အာဆင်နယ် ဒီပွဲကို နိုင်စရာ မလိုဘူး လို့ပဲ မြင်ပါတယ်။ ဒါပေမယ့် မရှုံးအောင်တော့ လုပ်မှ ဖြစ်မယ်။ ဒီပွဲမှာသာ ရှုံးသွားရင် ပြန်ရုန်းထဖို့ ခက်သွားမယ်။ ပြီးခဲ့တဲ့ ရာသီကလည်း မန်စီးတီးနဲ့ တွေ့တဲ့ နှစ်ကြိမ်လုံး သူတို့ ရှုံးခဲ့တယ်။ ဒီပွဲကတော့ အတော်တော်ကြီး ပျင်းစရာ ကောင်းမယ်လို့ထင်တယ်။ ပြီး သရေကျသွားမှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၁-၁ မန်စီးတီး။