စနေည အီတီဟက်မှာ ကစားမယ့် မန်စီးတီး – ဘုန်းမောက်ပွဲ ဘယ်လို ရလဒ်ထွက်မလဲ ပေါမာဆန် ကြိုတင် ခန့်မှန်းလိုက်ပါပြီ
မနက်ဖြန် စနေနေ့ညမှာ မန်ချက်စတာ စီးတီးကတော့ ဘုန်းမောက် အသင်းကို အိမ်ကွင်း အီတီဟက်မှာ ပရီးမီးယားလိဂ် ပွဲ ဧည့်ခံ ကစားမှာပါ။ ပွဲကစားမယ့် အချိန်ကတော့ စနေနေ့ည ၉ နာရီခွဲ အချိန် ဖြစ်ပါတယ်။
ဘောလုံးပွဲ ခန့်မှန်းသုံးသပ် ဆရာကြီး ပေါမာဆန်ကတော့ မန်စီးတီးနဲ့ ဘုန်းမောက် ပွဲ အတွက် ကြိုတင် သုံးသပ်မှုတွေ ထုတ်လာပါပြီ။
ပေါမာဆန်ရဲ့ မန်စီးတီး – ဘုန်းမောက် ပွဲ ခန့်မှန်းချက်

ယူနိုက်တက်ကို ရင်ဆိုင်တဲ့ပွဲမှာ ပွဲပယ်ကနေ လွတ်လာတဲ့ ရိုဒရီ ပြန်ပါလာတဲ့နောက် မန်စီးတီးက လုံးဝကို ခြားနားတဲ့အသင်း ဖြစ်သွားပါတယ်။ အနောက်မှာ ရိုဒရီ ရှိနေတော့ ဘာနာဒိုကလည်း ဘောလုံးနဲ့အတူ သူလုပ်ချင်တာကို လုပ်ခွင့်ရသွားပြီး သိပ်ကောင်းကောင်း လုပ်ပြနိုင်ပါတယ်။
အာဆင်နယ်ကို အရေးနိမ့်ခဲ့ပေမယ့် ဂွာဒီယိုလာရဲ့ အသင်းဟာ ဘရိုက်တန်၊ မန်ယူနိုက်တက် ပွဲစဉ်တွေကို အနိုင်ယူပြီး ပြန်တုန့်ပြန်ပြလာနိုင်တယ်။ ရုတ်တရတ်ပဲ မန်စီးတီးက ထိပ်တန်းအဆင့်တွေထံ ပြန်ရောက်လာခဲ့ကာ ဘုန်းမောက်ကို ဖျက်ဆီးသွားမှာပါ။
ဘန်လေကို ရင်ဆိုင်တဲ့ပွဲမှာ ဘုန်းမောက်က သူတို့ရဲ့ ပထမဆုံး နိုင်ပွဲကို ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့က မန်စီးတီးကို ပြဿနာကြီးတွေ ပေးနိုင်မှာ မဟုတ်ပါဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်
မန်ချက်စတာ စီးတီး ၃-ဝ ဘုန်းမောက်
