ချယ်ဆီးက မန်စီးတီးကို ရင်ဆိုင်ရင်း နိုင်ပွဲ ယူဖို့ မျှော်လင့်နေမှာ ဆိုတဲ့ ပွဲကြို ပေါမာဆန်ရဲ့ သုံးသပ်ချက်

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ တော့တင်ဟမ် စပါးကို နိုင်အောင် ကန်လာတဲ့ ချယ်ဆီးအသင်းဟာ မန်ချက်စတာ စီးတီး နဲ့ အတွေ့မှာလည်း ရလဒ်ကောင်း တစ်ခုခု ရယူနိုင်မယ် လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်၊ စပါးတို့နဲ့ ဆက်တိုက် ကစားလာတဲ့ ပိုချက်တီနိုရဲ့ ချယ်ဆီး အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် မန်စီးတီး အသင်းကို ဧည့်ခံ ကစားဖို့ ရှိနေပါတယ်။ ပေါမာဆန်ကြီးကတော့ ဒီပွဲမှာလည်း ချယ်ဆီးတို့ တခုခု ရယူသွားနိုင်တယ် လို့ မျှော်လင့်နေတာပါ။

” ချယ်ဆီး ဒီပွဲကနေသာ သရေ ရခဲ့ရင် ရလဒ်ကောင်းပဲ။ ဒါပေမယ့် ဒါက လွယ်မှာတော့ မဟုတ်ဘူး။ စတန်းဖို့ ဘရစ်ချ်က ပရိသတ် ၃၈ဝဝဝ ရှေ့မှာ ကမ္ဘာ့ အကောင်းဆုံး အသင်း တစ်သင်းကို ရင်ဆိုင် ကစားရမှာ ဖြစ်တယ်။

ချယ်ဆီး ပရိသတ်တွေက သူတို့ အသင်း နိုင်ပွဲ ယူဖို့ပဲ မျှော်လင့် အားပေးကြမှာ။ ချယ်ဆီး ၂ ဂိုး ၃ ဂိုးပြတ် မရှုံးဖို့ လာ အားပေးမှာ မဟုတ်ဘူး။ ကလပ် အသင်းကြီးတွေမှာ ကစားရင် ပွဲထဲ ဝင်တာနဲ့ အားကုန်ထုတ် နိုင်အောင် ကြိုးစား သွားဖို့ မျှော်လင့်ခံရမှာပဲ။

ချယ်ဆီးက ဆုဖလားတွေ အနိုင်ယူထားတဲ့ အသင်းကြီး တစ်သင်းပါ။ တော့တင်ဟမ်လည်း ချယ်ဆီးကို အနိုင်ယူဖို့ ကြိုးစားခဲ့တယ်။ မန်စီးတီးလည်း ဒီလိုလာမှာပဲ။ ချယ်ဆီးက ပြိုင်ဘက်အသင်းကို ပြသနာတွေ ပေးမှာ သေချာပါတယ်။ ဒါ သံသယ ဖြစ်စရာ မလိုဘူး။

တချိန်တည်းမှာ မန်စီးတီးကလည်း ပြန်ပြီး ဒုက္ခပေးမှာပဲ။ မန်စီးတီး အနေနဲ့ သူတို့ သေချာကောင်းကောင်း ကစားမှ နိုင်မယ့် ပွဲ ဆိုတာ သိပါတယ်။” လို့ ပေါမာဆန်ကြီး က သုံးသပ် ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီရာသီ အသင်းကြီး ပြိုင်ဘက်တွေနဲ့ တွေ့ရင်တော့ အထင်ကြီးဖွယ် စွမ်းဆောင်ထားပြီး စပါးကို နိုင်ထားသလို အာဆင်နယ်နဲ့ လီဗာပူးကို သရေ ကစားထားတာပါ။