ကွင်းဘေးမှာ ပွဲဆူပြီးမှ ဂွာဒီယိုလာနဲ့ ဒိုင်လူကြီးတွေ ကို တောင်းပန်ပါတယ် ပြန် ဘွာတေးခတ်သွားတဲ့ ပိုချက်တီနို
ချယ်ဆီး နည်းပြ ပိုချက်တီနိုကတော့ မနေ့ညက ပွဲအပြီးမှာ ကွင်းဘေး စိတ်လိုက်မာန်ပါ ပေါက်ကွဲနေခဲ့ပြီးမှ ပွဲပြီး အင်တာဗျူးမှာ ပက် ဂွာဒီယိုလာနဲ့ ဒိုင်လူကြီးတွေကို တောင်းပန်စကား ဆိုခဲ့ပါတယ်။
မနေ့ညက ချယ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ စတန်းဖို့ဘရစ်ချ်မှာ ၄-၄ နဲ့ သရေကျသွားတဲ့ ပွဲ အပြီးမှာ နည်းပြ ပိုချက်တီနိုက နာကျင် အချိန်ပို ပိုရသင့်တယ် ဆိုပြီး ကွင်းဘေးမှာ ပေါက်ကွဲနေတာ တွေ့ရပါတယ်။
ပွဲပြီး ခရာမှုတ်ချိန်မှာ ပိုချက်တီနိုက ဒိုင်တွေထဲ ဒေါသတကြီး အော်ဟစ်နေတာ တွေ့ရသလို ပြိုင်ဘက် နည်းပြ ပက် ဂွာဒီယိုလာ ကိုလည်း လက်ဆွဲ နှုတ်ဆက်ခြင်း မပြုခဲ့ပါဘူး။
ဒီ စိတ်လိုက်မာန်ပါ အပြုအမူတွေ မှားယွင်းကြောင်း ချယ်ဆီးနည်းပြ ပိုချက်တီနိုက ဝန်ခံခဲ့ပြီး ပွဲပြီး အင်တာဗျူးမှာ တောင်းပန်စကား ဆိုသွားပါတယ်။
” ကျွန်တော် အန်တိုနီ (တေလာ)နဲ့ တာဝန်ရှိသူတွေကို တောင်းပန်ရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် အဲဒီ အခိုက်အတန့်မှာ ရာဟင်း စတာလင်းက တိုက်စစ်ဆင်ဖို့ သွားပြီ ဆိုတော့ ကျွန်တော်လည်း အဲဒီလို ဖြစ်သွားတော့တာပဲ။
ကျွန်တော် အဝါကတ်လည်း ပြခံရသင့်ပါတယ်။ ဒီလို အပြုအမူက မကောင်းဘူး၊ ဒီအတွက် တောင်းပန်ပါတယ်။ ကျွန်တော် ပက် ကိုလည်း တောင်းပန်ချင်ပါတယ်။ ကျွန်တော်က ဒေါကန်တဲ့ အပေါ် အာရုံရောက်နေခဲ့လို့ပါ၊ သူ့ကို မနှုတ်ဆက်ခဲ့မိဘူး။” လို့ ပိုချက်တီနိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပက် ဂွာဒီယိုလာကလည်း ဒီလိုပွဲမျိုးမှာ စိတ်ခံစားချက်တွေ ပြင်းထန်နေတာကြောင့် (လက်ဆွဲ နှုတ်မဆက်ဖြစ်တာ မျိုးလည်း ဖြစ်နိုင်တာကြောင့်) နားလည်ပေးနိုင်ပါတယ်။ ကိစ္စ မရှိပါဘူး လို့ ပွဲ အပြီးမှာ ပြောဆိုခဲ့ပါတယ်။
နာကျင် အချိန်ပို ၈ မိနစ် ပေးခဲ့ပြီးနောက် ၉၅ မိနစ်မှာ ကိုးလ်ပါးမာက ပင်နယ်တီကနေ ချေပဂိုး သွင်းခဲ့တာကြောင့် ဒိုင်က မိနစ် ၁ဝဝ ထိ ပွဲကို ပေးကစားခဲ့ပါတယ်။ ဒါပေမယ့် ပိုချက်တီနိုကတော့ သူတို့ နောက်ဆုံး တိုက်စစ်ဆင်မှု လုပ်နေချိန်မှာ ပွဲကို ပြီးဆုံးလိုက်တာကြောင့် စိတ်မထိန်းနိုင်ဘဲ ဒေါကန်နေခဲ့တာပါ။
