ဘာစီလိုနာကနေ ထွက်ဖို့ ကြိုးစားစဉ် မန်စီးတီးထံ ပြောင်းလာဖို့ ဂွာဒီယိုလာကို ချဉ်းကပ်ခဲ့တဲ့ မက်ဆီ
လိုင်ယွန်နယ် မက်ဆီဟာ ၂၀၂၀ နွေတုန်းက ဘာစီလိုနာကနေ ထွက်ခွာဖို့ ကြိုးစားစဉ်မှာ နည်းပြဟောင်း ဂွာဒီယိုလာ ရှိနေတဲ့ မန်စီးတီးထံ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။
စပိန်သတင်းထောက် Marti Perarnau ရေးသားတဲ့ “God Save Pep” စာအုပ်ထဲမှာ ဂွာဒီယိုလာနဲ့ မက်ဆီအကြောင်း ပါဝင်လာခဲ့တာပါ။ မက်ဆီဟာ အဂွယ်ရိုက တစ်ဆင့် စပိန်ကနေ ထွက်ခွာချိန် သူ့ရဲ့ နောက်ထပ် စိန်ခေါ်မှုဟာ ပရီးမီးယားလိဂ် ဖြစ်လာဖို့ ကြိုးစားခဲ့တာပါ။
အဲ့ကာလတုန်းက မက်ဆီဟာ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာကို လူမြင်ကွင်းမှာ ပေါ်တင် ရှုတ်ချမှုတွေ လုပ်ခဲ့သေးတာဖြစ်ပါတယ်။ မက်ဆီကတော့ မန်စီးတီးဟာ သူ့အတွက် နေရာကောင်းဖြစ်ပြီး ဂွာဒီယိုလာနဲ့ ပြန်လည် ဆုံဆည်းခြင်းဟာ ကိစ္စကောင်းလို့ ယူဆခဲ့ပါတယ်။
ဘာစီလိုနာက ဂွာဒီယိုလာရဲ့ အိမ်မှာ ကက်တလန်နည်းပြဟာ မက်ဆီနဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။ ဂွာဒီယိုလာကတော့ မန်စီးတီးမှာ လာကစားဖို့ ထိုစဉ်က အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရမှာ ဖြစ်ကြောင်းနဲ့ ရာသီဥတု ဆိုးရွားမှုတွေအကြောင်း ပြောပြခဲ့တယ်လို့ သိရတယ်။
သို့ပေမယ့်လို့ ဘာစီလိုနာဟာ စာချုပ်တစ်နှစ် ကျန်ရှိနေသေးတဲ့ ကစားသမားအတွက် စာချုပ်ပါကြေး ယူရို သန်း ၇၀၀ တောင်းဆိုခြင်းနဲ့အတူ မက်ဆီဟာ သူ့ရဲ့ နောက်ဆုံးနှစ်ကို ဘာစီလိုနာမှာပဲ ဆက်နေခဲ့ပါတယ်။
တစ်နှစ်အကြာမှာ မက်ဆီဟာ ပီအက်စ်ဂျီကို အလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ၂ ရာသီ ကစားခဲ့ကာ လက်ရှိမှာ မေဂျာလိဂ်ထံ ရောက်ရှိနေတာ ဖြစ်ပါတယ်။
