တနင်္ဂနွေနေ့ မန်စီးတီး – တော့တင်ဟမ် စပါးပွဲ ဘယ်လို ရလဒ်ထွက်မလဲ ခရစ်ဆက်တန် ရဲ့ ဟောကိန်းထုတ်ချက်

မန်စီးတီးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ တော့တင်ဟမ် စပါးအသင်းနဲ့ ရင်ဆိုင်တွေ့နေပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားရမှာပါ။

ဘီဘီစီ မှ သုံးသပ်ဆရာကြီး ခရစ်ဆက်တန်ကတော့ စီးတီးနဲ့ စပါး ပွဲ အတွက် ပွဲကြို သုံးသပ်ခန့်မှန်းလာပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

အီတီဟက်မှာ မန်စီးတီးကို သူတင်ကိုယ်တင် ယှဉ်ကစားနိုင်တဲ့အသင်း များများစားစား မရှိပါဘူး။ ဒီပွဲမှာ စပါးတို့ ဘယ်လို လူစာရင်း ထုတ်လာမယ် ဆိုတာက စိတ်ဝင်စားစရာပါပဲ။ ဘမ်ဒေးဗစ်နဲ့ အီမာဆန်တို့ကို ဒိုင်ယာနဲ့ တွဲသုံးတာမျိုး ဖြစ်လာနိုင်တယ်။

ကျနော်ကတော့ တိုက်စစ်ဖွင့်ကစားကြမယ့် ပွဲကောင်းကို မြင်ရမယ်ထင်ပြီး စပါးက အခွင့်အရေးတွေ ဖန်တီးနိုင်မယ်လို့ မြင်ပါတယ်။ မန်စီးတီးကလည်း အခွင့်အရေးတွေ အများကြီး ရပါလိမ့်မယ်။ သူတို့ အညှာအတာကင်းဖို့ပဲ လိုပါတယ်။

ဂိုးတွေ မြင်ရမှာဖြစ်ပြီး အဲ့ထဲက အများစုကတော့ ဂွာဒီယိုလာရဲ့ အသင်းဘက်က သွင်းတာ ဖြစ်ပါလိမ့်မယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

မန်စီးတီး 4-2 တော့တင်ဟမ် စပါး။