ပဲလေစ့်ကို စီးတီးတို့ ဂိုးဘယ်လောက် သွင်းမလဲ ဂိုးရလဒ် ခန့်မှန်းလိုက်တဲ့ ဂုရုကြီး ပေါမာဆန်

ဒီအပတ် မန်စီးတီးပွဲအတွက် ဝါရင့် ဘောလုံးပွဲ ခန့်မှန်း သုံးသပ်သူ ပေါမာဆန်က အခုလိုပဲ ရလဒ် ခန့်မှန်းထားပါတယ်။

Manchester City vs Crystal Palace

လီဗာပူး၊ အာဆင်နယ်နဲ့ အက်စတွန်ဗီလာတို့ကို ဖိအားပေးဖို့ ဒီပွဲကို မန်စီးတီးတို့ ခပ်လွယ်လွယ်ပဲ နိုင်သွားမယ်လို့ ထင်ပါတယ်။ ဒီအချိန်က စီးတီးတို့ ဇယားထိပ် ပြန်တက်ရမယ့် အချိန်အခါဖြစ်ပြီး ပြီးခဲ့တဲ့ လူတန်တောင်းကို ၂-၁ အနိုင်ရတဲ့ပွဲမှာ သူတို့ ခက်ခက်ခဲခဲ အားထုတ်ခဲ့ရပါတယ်။

ဒီပွဲမှာတော့ စီးတီးဟာ သေချာလေး တိုက်စစ်ဆင်ပြီး ဂိုးတွေ သွင်းလိုနေမှာပါ။ ဟာလန်း ဒဏ်ရာရနေပေမယ့် စီးတီးတိုက်စစ်က လုံလောက်ပါတယ်။ ဟာလန်းကို အလျင်စလို ပြန်သုံးဖို့ မလိုပါဘူး။ ချယ်ဆီးက ရိစ်ဂျိမ်းကို အလျင်လိုစွာ ပြန်သုံးခဲ့တာ ဘာဖြစ်သွားလဲ ကျနော်တို့ မြင်နေတာပါပဲ။ ဟာလန်းကို အချိန်နည်းနည်းပေးပြီး ကြံ့ခိုင်လာမှ သုံးသင့်ပါတယ်။

လူတိုင်းက ဒိုကူဟာ သိပ်ကောင်းတဲ့ အရည်အချင်း ရှိထားသူဖြစ်တယ်လို့ ပြောနေကြပေမယ့် အသင်းလိုက်မှာ ဂရီလစ်ချ်က ပိုကောင်းပါတယ်။ လီဗာပူးပွဲမှာ ဒိူကူက ဘောလုံးကို အကြိမ် တစ်ထောင်လောက် ထိနေပေမယ့် အဆုံးသတ်ထဲ မဝင်နိုင်ခဲ့ပါဘူး။ သူက လူငယ်လေးပဲ ဖြစ်နေတုန်းပါ။

ဂရီလစ်ချ်ကတော့ ပိုပြီး လုပ်ပြနိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်ပြီး ပြင်းပြင်းထန်ထန် အားထုတ်သူလည်း ဖြစ်ပါတယ်။ စီးတီးတို့ ဇယားထိပ် ပြန်တက်ဖို့ဆိုရင် သူ့လို အရည်အချင်းနဲ့ ကစားသမားမျိုးကို လိုအပ်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manchester City 3-0 Crystal Palace