ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့်အတွက် မန်စီးတီးရဲ့ ပြိုင်ဘက်အသင်း ပေါ်ထွက်လာ

ဖီဖာကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် မန်စီးတီးအသင်းဟာ ဂျပန်ကလပ် ယူရာဝါရက်ဒိုင်းမွန်းစ်အသင်းနှင့် ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

အာရှချန်ပီယံလိဂ်ချန်ပီယံ ယူရာဝါရက်ဒိုင်းမွန်းစ်ဟာ မက္ကဆီကိုကလပ် လီယွန်ကို အနိုင်ရရှိပြီးနောက် ဆီမီးဖိုင်နယ်ကို တက်လာခဲ့တာပါ။ ဂျပန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို လူစားဝင် နယ်သာလန်သား တိုက်စစ်မှူး အဲလက်စ်ရှော်လ်က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ချန်ပီယံ မန်စီးတီးနှင့် အာရှချန်ပီယံ ယူရာဝါရက်ဒိုင်းမွန်းစ်တို့ ရင်ဆိုင်ကစားရမှာဖြစ်ကာ အနိုင်ရတဲ့အသင်းက ဖိုင်နယ်ထံ တက်ရောက်နိုင်ပါမယ်။

သောကြာနေ့တုန်းက အခြားပွဲစဉ်အဖြစ် အာဖရိကချန်ပီယံလိဂ်ချန်ပီယံ Al Ahly ဟာ ဘန်ဇီးမား၊ ကန်တီတို့ ရှိနေတဲ့ ဆော်ဒီကလပ် Al-Ittihad အသင်းကို ၃-၁ ဖြင့် အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။

၎င်းတို့ဟာ တနင်္လာနေ့မှာ ဘရာဇီးထိပ်သီးဖလူးမီးနက်စ်နှင့် ရင်ဆိုင်ကစားရမှာဖြစ်ကာ အနိုင်ရမယ့် အသင်းက ဖိုင်နယ်ထံ တက်ရောက်သွားပါမယ်။