အဲဗာတန်ကို မန်စီးတီး မနိုင်ဘူးလို့ ဟောကိန်းထုတ်ပြီး ရလဒ် ခန့်မှန်းသွားတဲ့ ခရစ်ဆက်တန်

ကလပ်ကမ္ဘာ့ဖလား ပွဲစဉ်တွေကြောင့် ပရီးမီးယားလိဂ်နဲ့ အနည်းငယ် ဝေးကွာနေတဲ့ မန်စီးတီးဟာ ဒီကြားရက်မှာတော့ အဲဗာတန် အိမ်ကွင်းထံသွားပြီး ယှဉ်ပြိုင်ရပါမယ်။

ခြေစွမ်းထက်နေတဲ့ အဲဗာတန်ကို အဝေးကွင်း ယှဉ်ပြိုင်ရာမှာ မန်စီးတီးတို့ နိုင်ပွဲရဖွယ် မရှိဘူးလို့ ဘီဘီစီမှ ခရစ်ဆက်တန်က အခုလို ဟောကိန်းထုတ်သွားပါတယ်။

Everton v Man City

အဲဗာတန် လုပ်နေတဲ့ ပုံစံတွေကို ကျနော်တော့ သဘောကျပါတယ်။ သူတို့က ကမ္ဘာ့ချန်ပီယံတွေကို ပွဲကောင်းတစ်ပွဲ မိတ်ဆက်ပေးမယ် ထင်ပါတယ်။

မန်ချက်စတာ စီးတီးက အရှိန်တင်လာဖို့ ရှိနေပေမယ့် ဂူဒီဆန်ပက်ခ်မှာ လုပ်ပြနိုင်မလား မသေချာပါဘူး။ ဟာလန်း ပွဲထွက် လူစာရင်းမှာ ပါဝင်နိုင်မလားလည်း ကျနော်တို့ မသိပါဘူး။ ဒီဘရိုင်း ပြန်လာဖို့တော့ အတော်လေး စောနေပါသေးတယ်။

ဒီအခြေအနေမှာ အဲဗာတန်က အညှာအတာ ကင်းနေပါတယ်။ စပါးကို ရင်ဆိုင်တုန်းကတောင် သူတို့ ပွဲအပြီးမှာ သရေတစ်မှတ် ရလုနီးပါးပါပဲ။ ဒီပွဲမှာ သူတို့ ထိုက်တန်တာ တစ်ခုခု ရသွားမယ်လို့ မြင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Everton 1-1 Man City