မန်စီးတီး အသင်းသား ၃ ဦး ပါဝင်လာတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကစားသမား ၁၀ ဦးစာရင်း

CIES Football က ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသမား ၁၀ ဦးစာရင်းကို ဖော်ပြလာရာမှာတော့ မန်စီးတီး အသင်းသား ၂ ဦး ပါဝင်လာပါတယ်။

CIES ကတော့ လက်ရှိ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကစားသမားဟာ ရီးရဲလ်မက်ဒရစ်မှ အင်္ဂလန်ကွင်းလယ်လူ ဂျူ့ဘယ်လင်ဂမ်အဖြစ် ဖော်ပြခဲ့တယ်။ ဘယ်လင်ဂမ်ရဲ့ တန်ကြေးက ယူရို ၂၆၅.၅ သန်း ဖြင့် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ဒုတိယနေရာမှာတော့ မနှစ်က မန်စီးတီးအသင်း ဖလား ၃ လုံး အောင်မြင်မှုမှာ အဓိကကျခဲ့သလို ဒီရာသီ ပြိုင်ပွဲစုံ ၁၉ ဂိုး သွင်းယူထားတဲ့ ဟာလန်းဖြစ်ပါတယ်။ ဟာလန်းရဲ့ တန်ကြေးကတော့ ယူရို ၂၅၁.၂ သန်း ဖြစ်ပါတယ်။

တတိယနေရာမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ဗီနီရှပ်စ်က ယူရိုသန်း ၂၅၀.၃ သန်း၊ စတုတ္ထနေရာမှာ ရီးရဲလ်မက်ဒရစ်မှ ရိုဒရီဂိုက ယူရိုသန်း ၂၄၇.၉ သန်းဖြင့် ရပ်တည်နေပြီး ပဥ္စမနေရာမှာ အာဆင်နယ်မှ ဆာကာက ယူရို ၂၂၃ သန်းဖြင့် ရပ်တည်နေပါတယ်။

စီးတီး တိုက်စစ်သမား ဖိုဒန်က နံပါတ် ၆ နေရာမှာ ယူရို ၁၉၅.၈ သန်းဖြင့် ရှိနေပြီး နံပါတ် ၈ နေရာမှာတော့ အယ်ဗာရက်ဇ်က ယူရို ၁၆၄.၇ သန်း ဖြင့် ရှိနေပါတယ်။

CIES Football က ဖော်ပြလာတဲ့ တန်ဖိုးအကြီးဆုံးကစားသမား ၁၀ ဦးစာရင်းထဲမှာ ဘာစီလိုနာ ကွင်းလယ်လူ ဂါဗီက နံပါတ် ၇၊ ဘိုင်ယန်မြူးနစ်မှ ဂျာမယ်မူစီယာက နံပါတ် ၉ နဲ့ အာဆင်နယ်မှ မာတင်အိုဒီဂတ်က နံပါတ် ၁၀ နေရာတွေကနေ ပါဝင်လာခဲ့ပါတယ်။