မန်စီးတီး ကစားသမားတွေကို မတူညီစွာ ရွေးချယ်ခဲ့ကြပြီး ဟာလန်းအား ချန်လှပ်တဲ့ ကာရေဂါအား နဗီး ဟားတိုက်

Sky Sports ကတစ်ဆင့် ၂၀၂၃ – ၂၀၂၄ ပရီးမီးယားလိဂ် ရာသီဝက် အကောင်းဆုံး အသင်းကို ရွေးချယ်ခဲ့ရာမှာ ဂျေမီ ကာရေဂါနဲ့ ဂယ်ရီနဗီးလ်တို့ဟာ အဓိက နေရာ ၃ ခုအတွက် အငြင်းပွားခဲ့ကြပါတယ်။

အခြားသော ၈ နေရာအတွက်တော့ သူတို့ နှစ်ဦးက သဘောထားချင်း တိုက်ဆိုင်ခဲ့ကြကာ မတူညီတဲ့ ၃ နေရာအတွက် ကာရေဂါက သူ့ရဲ့ အကောင်းဆုံး အသင်းမှာ တော့တင်ဟမ် ဂိုးသမား ဗစ်ကာရီယို၊ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားနဲ့ ချဲလ်ဆီး တောင်ပံကစားသမား ကိုးလ်ပါလ်မာတို့ကို ရွေးချယ်ခဲ့ပါတယ်။

ဂယ်ရီနဗီးရဲ့ အခြားသော ၃ နေရာအတွက် ရွေးချယ်မှုကတော့ လီဗာပူး ဂိုးသမား အယ်လီဆွန် ၊ မန်စီးတီး ကွင်းလယ်လူ ရိုဒရီနဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းတို့ဖြစ်ကြပါတယ်။

သူတို့ နှစ်ဦးဟာ ကိုယ်ပိုင် အမြင်တွေဖြင့် ရွေးချယ်ရာမှာ စီးတီး ကစားသမားတွေကို အထင်ကြီးပုံ မတူညီခဲ့ကြပါဘူး။ ကာရေဂါက ဘာနာဒိုကို မရွေးတဲ့ ဂယ်ရီနဗီးရဲ့ အသင်းကို ဝေဖန်ခဲ့ကာ နဗီးကလည်း ရိုဒရီ၊ ဟာလန်း မပါတဲ့ ကာရေဂါရဲ့ အသင်းကို သူ့အသင်းက အနိုင်ယူနိုင်တယ်လို့ တုန့်ပြန် ဝေဖန်ခဲ့ပါတယ်။

သူတို့နှစ်ဦးကြား တူညီတာ တစ်ခုကတော့ ခံစစ်မှာ မန်စီးတီး ကစားသမား တစ်ဦးမှကို ထည့်သွင်းခြင်း မရှိတာဖြစ်ပါတယ်။ ဒီယက်စ်၊ အခန်ဂျီ၊ အကီနဲ့ ဂါဗာဒီအော တစ်ဦးကိုမှ သူတို့ နှစ်ဦးက အထင်မကြီးခဲ့ကြတာ ဖြစ်ပါတယ်။