ဂွာဒီယိုလာ စိတ်ကြိုက် ကစားသမားကို ဇန်နဝါရီမှာရရေး ဘစ်ဆာကာနဲ့ ငွေကြေးတစ်ရပ် အလိုက်ပေးမယ့် မန်ယူ

မန်စီးတီးအသင်ဟာ ပဲလေစ့်အသင်းမှ အသက် ၂၂ နှစ်အရွယ် တောင်ပံသမား အိုလစ်ဆီကို စောင့်ကြည့်နေပေမယ့် မြို့ခံပြိုင်ဘက် ယူနိုက်တက်ဘက်က အရင်ဆုံး လှုပ်ရှားနေပါပြီ။

လွန်ခဲ့တဲ့ ၂ နှစ်ခွဲတုန်းက ရီးဒင်းအသင်းကနေ ပဲလေစ့်ကို ပေါင် ၈ သန်းဖြင့် ပြောင်းလာခဲ့သူပါ။ အိုလစ်ဆီရဲ့ တိုက်စစ်ပိုင်း အရည်အချင်းကောင်းကို အင်္ဂလန်လိဂ်က ထိပ်သီးကလပ်တွေက သတိပြုမိလာနေပါတယ်။

နွေတုန်းက သူ့ကို ခေါ်ယူနိုင်ရေး မန်စီးတီးတို့ ကြိုးစားခဲ့သေးပေမယ့် ပဲလေစ့်က သက်တမ်းတိုးဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီစျေးကွက်အတွင်း အိုလစ်ဆီကို ရနိုင်ဖို့ ယူနိုက်တက်ဘက်က ဘစ်ဆာကာ အပြင် ငွေကြေးတစ်ရပ် အလိုက်ထပ်ပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၅ ဂိုး သွင်းယူထားတဲ့ အိုလစ်ဆီကို မန်စီးတီးအပြင် လီဗာပူးကလည်း စိတ်ဝင်စားပေမယ့် ပိုကောင်းတဲ့ ညိနှိုင်းမှု လုပ်နိုင်မယ်လို့ ယူနိုက်တက်ဘက်က မျှော်လင့်နေကြောင်း သိရှိရတယ်။

ထူးခြားမှုကတော့ အိုလစ်ဟာ ချယ်ဆီးအကယ်ဒမီမှာ ၇ နှစ်ကြာ နေသွားခဲ့သူဖြစ်ကာ မန်စီးတီး အကယ်ဒမီမှာ ၃ နှစ် ထပ်မံ ပညာသင်ယူခဲ့ပါတယ်။ အဲ့နောက်မှ သူက ရီးဒင်းအသင်းထံ ရောက်ရှိခဲ့ပြီး လက်ရှိ ပဲလေစ့်ကို ရောက်လာတာပါ။

နွေတုန်းက ပေါင် ၃၅ သန်းနဲ့ အိုလစ်ဆီကို ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် ဒီကရှေ့တော့ ပေါင် သန်း ၅၀ ထက် နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရနိုင်တော့မှာ မဟုတ်ပါဘူး။