ဝတ်ဖိုဒ့်နဲ့ပွဲမှာ အနိုင်ရလဒ်တစ်ခုပဲ လက်ခံလို့ရမယ့် အကြောင်းရင်းကို ဘာဘာတော့ဗ် ဖွင့်ဟ
ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ဝတ်ဖိုဒ့်နဲ့ပွဲကြိုမှာ အသင်းဟောင်းအပေါ် သုံးသပ်မှု ပြုလုပ်မှုနဲ့အတူ သတိပေးမှုကိုပါ ပြုလုပ်သွားပါတယ်။
အရင်အပတ်က ချယ်ဆီးနဲ့ပွဲကို အနိုင်ရတာကြောင့် နှစ်သင်းကြား ရမှတ်ကွာဟချက်က ၃ မှတ်ထိ လျော့ကျသွားပါတယ်။ ယူနိုက်တက်က အရေးနိမ့်မယ်ဆိုရင် ၉ မှတ်ထိ ကွာဟနိုင်တဲ့ အဆိုပါပွဲကို အနိုင်ရတာက အရေးပါခဲ့ပေမယ့် ဒီအပတ်မှာ ချယ်ဆီးက နိုင်ပွဲ ရယူသွားကာ နှစ်သင်းကြား ရမှတ်ကွာဟချက်က ၆ မှတ်ကို ပြန်ရောက်ခဲ့ပြန်ပြီ ဖြစ်ပါတယ်။
ဘာဘာတော့ဗ်ကတော့ ဒီအပတ်ပွဲကို အရေးနိမ့်မယ်ဆိုရင် ချယ်ဆီးကို နိုင်ခဲ့တာက သဲထဲ ရေသွန်သလိုပဲ ဖြစ်သွားမှာဖြစ်လို့ ဒီပွဲကို သေချာပေါက် အနိုင်ကစားရမယ်လို့ သတိပေးပါတယ်။ ကလပ်အသင်း ကစားသမားသစ်တွေက အထိုင်ကျလာပြီဖြစ်လို့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ အနိုင်ကစားဖို့လည်း ဘာဘာတော့ဗ်က တိုက်တွန်းခဲ့ပါသေးတယ်။
ဘာဘာတော့ဗ်က ” ယူနိုက်တက်က ချယ်ဆီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲကနေ ယုံကြည်မှုတွေ အများကြီး ရရှိခဲ့မှာပါ။ သူတို့က ကြားရက်က ယူရိုပါလိဂ်ပွဲဖြစ်တဲ့ ကလပ်ဘရုဂျ်နဲ့ ပွဲမှာတော့ သရေရလဒ်ပဲ ကစားနိုင်ခဲ့ပါတယ်။ ဒါကလည်း ထိပ်ဆုံးလေးသင်းထဲ ဝင်ခွင့်အတွက် အာရုံစိုက်လိုတာကြောင့် ဖြစ်ပါတယ်။
ယူနိုက်တက် ကစားသမားသစ်တွေက အသင်းနဲ့လည်း အံဝင်နေကြပါတယ်။ သူတို့က အိမ်ကွင်းပရိသတ် ရှေ့မှာ နိုင်ပွဲရယူနိုင်ဖို့အတွက် အခွင့်အရေးကောင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီပွဲက နိုင်မှဖြစ်မယ့် ပွဲပါ။ ဒီပွဲကို အနိုင်မကစားနိုင်ရင် အရင်အပတ်က ချယ်ဆီးကို အနိုင်ရခဲ့တာက အရေးမပါဘူး ဖြစ်သွားပါလိမ့်မယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ ဝတ်ဖိုဒ့်ပွဲအတွက် ဘာဘာတော့ဗ်ရဲ့ ပွဲရလဒ် ခန့်မှန်းကတော့ ယူနိုက်တက်က ၂-၀ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI
ယူႏုိက္တက္တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က ဝတ္ဖိုဒ့္နဲ႔ပြဲၾကိဳမွာ အသင္းေဟာင္းအေပၚ သံုးသပ္မႈ ျပဳလုပ္မႈနဲ႔အတူ သတိေပးမႈကိုပါ ျပဳလုပ္သြားပါတယ္။
အရင္အပတ္က ခ်ယ္ဆီးနဲ႔ပြဲကို အႏုိင္ရတာေၾကာင့္ ႏွစ္သင္းၾကား ရမွတ္ကြာဟခ်က္က ၃ မွတ္ထိ ေလ်ာ့က်သြားပါတယ္။ ယူႏုိက္တက္က အေရးနိမ့္မယ္ဆိုရင္ ၉ မွတ္ထိ ကြာဟႏုိင္တဲ့ အဆိုပါပြဲကို အႏုိင္ရတာက အေရးပါခဲ့ေပမယ့္ ဒီအပတ္မွာ ခ်ယ္ဆီးက ႏုိင္ပြဲ ရယူသြားကာ ႏွစ္သင္းၾကား ရမွတ္ကြာဟခ်က္က ၆ မွတ္ကို ျပန္ေရာက္ခဲ့ျပန္ျပီ ျဖစ္ပါတယ္။
ဘာဘာေတာ့ဗ္ကေတာ့ ဒီအပတ္ပြဲကို အေရးနိမ့္မယ္ဆိုရင္ ခ်ယ္ဆီးကို ႏုိင္ခဲ့တာက သဲထဲ ေရသြန္သလိုပဲ ျဖစ္သြားမွာျဖစ္လို႔ ဒီပြဲကို ေသခ်ာေပါက္ အႏုိင္ကစားရမယ္လို႔ သတိေပးပါတယ္။ ကလပ္အသင္း ကစားသမားသစ္ေတြက အထိုင္က်လာျပီျဖစ္လို႔ အိမ္ကြင္း ပရိသတ္ ေရွ႔ေမွာက္မွာ အႏုိင္ကစားဖို႔လည္း ဘာဘာေတာ့ဗ္က တိုက္တြန္းခဲ့ပါေသးတယ္။
ဘာဘာေတာ့ဗ္က ” ယူႏုိက္တက္က ခ်ယ္ဆီးနဲ႔ ယွဥ္ျပိဳင္ကစားခဲ့တဲ့ ပြဲကေန ယံုၾကည္မႈေတြ အမ်ားၾကီး ရရွိခဲ့မွာပါ။ သူတို႔က ၾကားရက္က ယူရိုပါလိဂ္ပြဲျဖစ္တဲ့ ကလပ္ဘရုဂ်္နဲ႔ ပြဲမွာေတာ့ သေရရလဒ္ပဲ ကစားႏုိင္ခဲ့ပါတယ္။ ဒါကလည္း ထိပ္ဆံုးေလးသင္းထဲ ဝင္ခြင့္အတြက္ အာရံုစိုက္လိုတာေၾကာင့္ ျဖစ္ပါတယ္။
ယူႏုိက္တက္ ကစားသမားသစ္ေတြက အသင္းနဲ႔လည္း အံဝင္ေနၾကပါတယ္။ သူတို႔က အိမ္ကြင္းပရိသတ္ ေရွ႔မွာ ႏုိင္ပြဲရယူႏုိင္ဖို႔အတြက္ အခြင့္အေရးေကာင္းကိုလည္း ပိုင္ဆုိင္ထားပါတယ္။ ဒီပြဲက ႏုိင္မွျဖစ္မယ့္ ပြဲပါ။ ဒီပြဲကို အႏုိင္မကစားႏုိင္ရင္ အရင္အပတ္က ခ်ယ္ဆီးကို အႏုိင္ရခဲ့တာက အေရးမပါဘူး ျဖစ္သြားပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။
ယူႏုိက္တက္နဲ႔ ဝတ္ဖိုဒ့္ပြဲအတြက္ ဘာဘာေတာ့ဗ္ရဲ႕ ပြဲရလဒ္ ခန္႔မွန္းကေတာ့ ယူႏုိက္တက္က ၂-၀ နဲ႔ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။
