ပက်ရဲ့ စကားတစ်ခွန်းကြောင့် သူ့အမေ၊ သူ့မိသားစုပါ ထိခိုက်ခဲ့ရကြောင်း ဖော်ထုတ်လာတဲ့ ကယ်ဗင်ဖီးလစ်

ဝက်စ်ဟမ်းမှာ အငှားထွက် ကစားနေပြီ ဖြစ်တဲ့ မန်စီးတီး ကွင်းလယ် ကစားသမား ကယ်ဗင်ဖီးလစ် ကတော့ စီးတီးမှာ သူ အဆင်မပြေခဲ့တဲ့ အကြောင်းတွေကို ဖွင့်ဟလာခဲ့ပါတယ်။

မန်စီးတီးအသင်းက ၂၀၂၂-၂၃ ခုနှစ်ဘောလုံးရာသီအတွင်း လိဒ်ယူနိုက်တက်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ ကယ်ဗင်ဖီးလစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၂သန်းဖြင့် ခေါ်ယူထားခဲ့တာဖြစ်ပြီး ကစားသမားအနေဖြင့် ပုံမှန် ပွဲထွက် ကစားခွင့်ရရန် ရုန်းကန်နေခဲ့ရပါတယ်။

အသက် ၂၈နှစ် အရွယ် ကယ်ဗင် ဖီးလစ်က လိဒ်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီး ဆောင်းဈေးကွက်ကာလမှာ အငှားထွက်သွားတာ ဖြစ်ပါတယ်။

ကယ်ဗင်ဖီးလစ်က သူ ဘော်ဒီဝိတ် များနေတယ်လို့ ပြောခံခဲ့ရတာကို မပျော်ရွှင်ခဲ့ကြောင်း အခုလို ပြောဆိုလာခဲ့တာပါ။

“ပက်ဟာ ကျနော် overweight ဖြစ်နေတယ်ဆိုပြီး လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။ သူ့မှာ ဒီလို လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စကို အခြား နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းလို့ ရပါတယ်။

သူ့ရဲ့ လုပ်ရပ်ကို ကျနော် သဘောမတူပေမယ့် ဒါဟာ ကျနော့်ရဲ့ ယုံကြည်မှုပိုင်းကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပါတယ်။
ကျနော့်ရဲ့ မိသားစုလည်း ဒီလို လုပ်ခဲ့မှုကို မပျော်မရွှင် ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ကျနော့်ရဲ့ အမေ ပါ။

လူတွေ အနေနဲ့ 10 kg လောက် တက်သွားတာကို overweight ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ ကျနော်ကတော့ သူတို့ သတ်မှတ်ထားတဲ့ အလေးချိန် ပမာဏထက် 1.5 Kg လောက်ပဲ ပိုသွားတာပါ။” လို့ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကယ်ဗင်ဖီးလစ် က ပက်နဲ့ စတင် အဆင်မပြေခဲ့တဲ့ အကြောင်းအရင်းတွေကိုလည်း ဆက်လက် ပြောပြထားတာ ရှိပါသေးတယ်။