စနေည အီတီဟက်မှာ ကန်မယ့် မန်စီးတီး – ချယ်ဆီးပွဲ ဘယ်နှဂိုးပြတ် ဖြစ်မလဲ ဆရာကြီး ပေါမာဆန် ဟောကိန်းထုတ်
ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ မန်ချက်စတာ စီးတီး အသင်းဟာ နည်းပြ ပိုချက်တီနိုရဲ့ ချယ်ဆီး အသင်းနဲ့ တွေ့နေပြီး အီတီဟက် ကွင်းမှာ ဧည့်ခံ ကစားရမှာပါ။
ပွဲကစားမယ့် အချိန်ကတော့ မနက်ဖြန် စနေနေ့ည ၁၂ နာရီ အချိန်မှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဆရာကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ မန်စီးတီးနဲ့ ချယ်ဆီး ပွဲအတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ပေါမာဆန်ကြီးရဲ့ ပွဲကြို သုံးသပ်ချက်
ဘယ်လို ချယ်ဆီးအသင်းကို မြင်ရပါမလဲ? ဒါကိုသိရင် ကျနော်လည်း ပိုလွယ်လွယ် ခန့်မှန်းလို့ရမှာပါ။ ချယ်ဆီးကို ခန့်မှန်းရတာ သိပ်ခက်ခဲပါတယ်။ ပဲလေစ့်ကို ရင်ဆိုင်ရာမှာ ပိုချက်တီနိုရဲ့ အသင်းဟာ နောက်ကျဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တယ်။
ပထမပိုင်းမှာ ချယ်ဆီးအသင်းက ဆိုးရွားခဲ့တယ် ဒါပေမယ့် ပွဲထဲကို ဖြေးဖြေးချင်း ပြန်ဝင်လာနိုင်ခဲ့ပါတယ်။ သူတို့က စီးတီးကို နာကျင်သွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် အိမ်ရှင်အသင်းက အခြားသော အဆင့်တစ်ခုကို ရောက်နေတဲ့ အသင်းပါ။ အထူးသဖြင့် အခုလို ဖလားအပြိုင်လုရတဲ့ ကာလတွေအတွက်ပေါ့။
ချန်ပီယံလိဂ်မှာ မန်စီးတီးက ၃-၁ နဲ့ အနိုင်ရခဲ့တယ်။ သူတို့ ဒုတိယအကျော့မှာ ကစားသမား အချို့ကို အနားပေးလို့ ရနိုင်တော့ ဒီပွဲအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နေမှာပါ။
ဒီပွဲက သိပ်ကောင်းတဲ့၊ ဖျော်ဖြေမှု အပြည့်အဝ ပေးနိုင်စွမ်း ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မန်စီးတီးကပဲ အနိုင်ရသွားမှာပါ။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်
မန်ချက်စတာ စီးတီး ၃-၂ ချယ်ဆီး ဖြစ်ပါတယ်။