Thai Fight မှာ တဟုန်ထိုး နာမည်ကြီးသွားတဲ့ မြန်မာလက်ဝှေ့ကစားသမား မင်းရဲကျော်စွာ

Thai Fight က ကျင်းပတဲ့ Thai Fight League 28 မှာ မြန်မာဖိုက်တာ မင်းရဲကျော်စွာက အီရန်နိုင်ငံသား ကို အမှတ် အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီပွဲဒိုင်အဆုံးအဖြတ်မှာ ရှုံးခဲ့ပေမယ့် မင်းရဲကျော်စွာကတော့ တမူထူးခြားစွာ နာမည် ကြီးနေပါတယ်။

မာဂုဏ်မြင့်မားပြီး ပြိုင်ဖက် ဖိုက်တာရဲ့ ထိုးချက်၊ ကန်ချက်၊ တံတောင်ရိုက်ချက်တွေ တစ်ရစပ် ခံရပေမယ့် မင်းရဲကျော်စွာက လျှာထုတ် ပြောင်ပြပြီး “လာစမ်း…. ဂရုမစိုက်ဘူး” ဆိုတဲ့ အမူအရာနဲ့ စိန်ခေါ်ခဲ့ပါတယ်။

ထိုးတဲ့ ပြိုင်ဘက်သာ မောသွားပြီး သူကတော့ ဖြုံတောင်မဖြုံဘဲ အေးဆေးခံနိုင်ရည်ရှိနေတဲ့ မင်းရဲကျော်စွာရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ၃ သန်း ခွဲ ကျော် ရှိခဲ့ပြီး ထိုင်းဖိုက်မှာ ကြည့်ရှုသူ စံချိန်တင်ပြီး ပရိတ်သတ် စိတ်ဝင်စားခဲ့ပါတယ်။

ပွဲအပြီး မှာ မင်းရဲကျော်စွာက “ငါ့ကို ဆန်ချိုင်း အယောက် တစ်ရာ လာထိုးတောင် အလဲထိုးမခံစေရဘူး” ဆိုပြီး ပြောခဲ့တာကြောင့် မွေထိုင်းဂန္ထဝင် ဖိုက်တာကြီး ဆန်ချိုင်းပါ စိတ်ဝင်စားရတဲ့ အနေအထားဖြစ်လာနေပါတယ်။

ဆန်ချိုင်းကလည်း မင်းရဲကျော်စွာရဲ့ ပြောဆိုချက်အပေါ် တုံ့ပြန်ထားတာကြောင့် တစ်ချိန်မှာ ဆန်ချိုင်းနဲ့ မင်းရဲကျော်စွာရဲ့ ပွဲ ဖြစ်လာမလားဆိုပြီး ပရိတ်သတ်တွေက ထင်ကြေးပေးနေကြပါတယ်။

ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုလည်း အလွန်မြင့်မားနေတာမို့ ပွဲဖြစ်လာစရာအကြောင်းလည်း ရှိနေပါတယ်။

ဆိုရှယ်မီဒီယာ မှာ လုံးဝ ရေပန်းစား ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တာမို့ Thai Fight ဘက်ကလည်း ပွဲတည်ပေးဖို့ စိတ်ဝင်စားနေပုံ ရပါတယ်။