ဖာနန်ဒက်စ်အား လန်ဒန်ပရိသတ်တွေ ဝေဖန်မှု၊ ဝက်ဖို့ဒ်ကို နိုင်တဲ့ပွဲ နောက်ဆက်တွဲများနဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ
ပရီးမီးယားလိဂ်မှာ တစ်ရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုး သွင်းယူနိုင်တဲ့ နောက်ဆုံးသော ဆယ်ကျော်သက် နှစ်ဦးက ဂရင်းဝုဒ်နဲ့ ရပ်ဖိုဒ့်တို့ ဖြစ်ပြီး နှစ်ဦးလုံးက ယူနိုက်တက် အကယ်ဒမီထွက်တွေ ဖြစ်ပါတယ်။
ဝတ်ဖိုဒ့်ကို ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသွင်းဂိုး ရခဲ့သလို အစ်ဟာလို ကလည်း အသင်းထံ ပြန်လာပြီးနောက် ပထမဆုံး ပွဲထွက်မှုကို လုပ်နိုင်ခဲ့ပါတယ်။
ဖာနန်ဒက်စ်က ပွဲပြီး ပြောရာမှာ ” ဒါက ကျနော် လုပ်လိုတာဖြစ်ပြီး လုပ်ပြဖို့ လိုအပ်ခဲ့တယ်။ ကျနော်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရလိုတယ်ဆိုတာ အားလုံး သိပါတယ်။ ကျနော် ယူနိုက်တက်မှာ ရှိနေတာက အသင်းကို နိုင်ပွဲတွေ ဆက်ရစေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ပေးဖို့ပါ ” လို့ ဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဝတ်ဖိုဒ့်နဲ့ပွဲမှာ clean sheet ထပ်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲ ၃ ပွဲဆက် ဂိုးမပေးရအောင် ထိန်းသိမ်းနိုင်ခဲ့တာပါ။ ဒါဟာ ဒီရာသီမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဝက်ဖို့ဒ်ဘက် ပင်နယ်တီ ဂိုးသွင်းယူခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်တိုက်စစ် ဖာနန်ဒက်စ်ရဲ့ ကန်သွင်းဟန်က ချယ်ဆီး ကွင်းလယ် ဂျော်ဂျင်ဟို ဟန် အတိုင်း တုပပြီး ကန်သွင်းတာ ဖြစ်တယ်လို့ လန်ဒန် ပရိသတ်တွေက ထောက်ပြနေကြပါတယ်။
ယူနိုက်တက် တိုက်စစ်လူငယ်လေး မေဆန် ဂရင်းဝုဒ်ဟာ ဝက်ဖို့ဒ်နဲ့ ပွဲမှာလည်း အလန်းစား သွင်းဂိုး တစ်ဂိုး သွင်းယူခဲ့ပြီး နည်းပြ ဆိုးရှားကတော့ ဂရင်းဝုဒ်ဟာ သူ မြင်ဖူးသမျှထဲ အဆုံးသတ် အကောင်းဆုံး တိုက်စစ်မှူးတွေထဲ ပါဝင်ကြောင်း ချီးကျူး စကား ဆိုခဲ့ပါတယ်။
Zawgyi – ပရီးမီးယားလိဂ္မွာ တစ္ရာသီ ပရီးမီးယားလိဂ္သြင္းဂိုး ၅ ဂိုး သြင္းယူႏုိင္တဲ့ ေနာက္ဆံုးေသာ ဆယ္ေက်ာ္သက္ ႏွစ္ဦးက ဂရင္းဝုဒ္နဲ႔ ရပ္ဖိုဒ့္တို႔ ျဖစ္ျပီး ႏွစ္ဦးလံုးက ယူႏုိက္တက္ အကယ္ဒမီထြက္ေတြ ျဖစ္ပါတယ္။
ဝတ္ဖိုဒ့္ကို ဂိုးျပတ္ အႏုိင္ရတဲ့ပြဲမွာ ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ယူႏုိက္တက္ကစားသမားဘဝ ပထမဆံုးသြင္းဂိုး ရခဲ့သလို အစ္ဟာလို ကလည္း အသင္းထံ ျပန္လာျပီးေနာက္ ပထမဆံုး ပြဲထြက္မႈကို လုပ္ႏုိင္ခဲ့ပါတယ္။
ဖာနန္ဒက္စ္က ပြဲျပီး ေျပာရာမွာ ” ဒါက က်ေနာ္ လုပ္လိုတာျဖစ္ျပီး လုပ္ျပဖို႔ လိုအပ္ခဲ့တယ္။ က်ေနာ္တုိ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရလိုုတယ္ဆိုတာ အားလံုး သိပါတယ္။ က်ေနာ္ ယူႏုိက္တက္မွာ ရွိေနတာက အသင္းကို ႏုိင္ပြဲေတြ ဆက္ရေစျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ လုပ္ေပးဖို႔ပါ ” လို႔ ဆိုခဲ့ပါတယ္။
ယူႏုိက္တက္ဟာ ဝတ္ဖိုဒ့္နဲ႔ပြဲမွာ clean sheet ထပ္ရခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ပြဲ ၃ ပြဲဆက္ ဂိုးမေပးရေအာင္ ထိန္းသိမ္းႏုိင္ခဲ့တာပါ။ ဒါဟာ ဒီရာသီမွာ ပထမဆံုးအၾကိမ္ ျဖစ္ပါတယ္။
၀က္ဖို႔ဒ္ဘက္ ပင္နယ္တီ ဂိုးသြင္းယူခဲ့တဲ့ ယူနိုက္တက္ ကြင္းလယ္တိုက္စစ္ ဖာနန္ဒက္စ္ရဲ႕ ကန္သြင္းဟန္က ခ်ယ္ဆီး ကြင္းလယ္ ေဂ်ာ္ဂ်င္ဟို ဟန္ အတိုင္း တုပျပီး ကန္သြင္းတာ ျဖစ္တယ္လို႔ လန္ဒန္ ပရိသတ္ေတြက ေထာက္ျပေနၾကပါတယ္။
ယူနိုက္တက္ တိုက္စစ္လူငယ္ေလး ေမဆန္ ဂရင္း၀ုဒ္ဟာ ၀က္ဖုိ႔ဒ္နဲ႕ ပြဲမွာလည္း အလန္းစား သြင္းဂိုး တစ္ဂိုး သြင္းယူခဲ့ျပီး နည္းျပ ဆိုးရွားကေတာ့ ဂရင္း၀ုဒ္ဟာ သူ ျမင္ဖူးသမွ်ထဲ အဆံုးသတ္ အေကာင္းဆံုး တိုက္စစ္မွဴးေတြထဲ ပါ၀င္ေၾကာင္း ခ်ီးက်ဴး စကား ဆိုခဲ့ပါတယ္။