ဒီညကန်မယ့် မန်စီးတီး Vs ချယ်ဆီးပွဲ ဘယ်လို ဖြစ်မလဲ ကြိုတင် ခန့်မှန်းချက်ထုတ်လာတဲ့ ဘီဘီစီမှ ခရစ်ဆက်တန်

ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ အသင်းကြီး နှစ်သင်း ဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်ဆီး အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။ ပွဲကတော့ ဒီ စနေနေ့ည ၁၂ နာရီ၊ စီးတီးတို့ရဲ့ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က စီးတီး – ချယ်ဆီးပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန် ရဲ့ ပွဲကြို သုံးသပ်ချက်

ချယ်ဆီးအသင်းနဲ့အတူ ပါလ်မာက အီသီဟတ်ကို ပြန်သွားတော့မှာပါ။ ဒါပေမယ့် စတမ်းဖိုဒ့်ဘရစ်ချ်မှာ ထိပ်တိုက်တွေ့တုန်းက ၄-၄ ဖြစ်ခဲ့တဲ့ပွဲလို သူ့ထံက သက်ရောက်မှုမျိုး တောင်းဆိုးမယ်ဆိုရင်တော့ သိပ်များလွန်းပါတယ်။

ပါလ်မာကို ထွက်ခွာခွင့်ပေးတာက ဂွာဒီယိုလာအနေနဲ့ အမှားကြီး လုပ်လိုက်မိတာပါပဲ။ ဒါပေမယ့် ဒီပွဲမှာတော့ ချယ်ဆီးတို့ ရှုံးနိမ့်ဦးမှာပါ။

စီးတီးတို့ သိပ်ကောင်းနေပါတယ်။ သူတို့မှာ ကစားသမားကောင်းတွေ ရှိနေပြီး အရန်ခုံကလည်း သိပ်ကို ကောင်းပါတယ်။ ကိုပင်ဟေဂင်ပွဲမှာ ဂရီလစ် ဒဏ်ရာရသွားပေမယ့် ဒိုကူ ဝင်လာပါတယ်။

နိုဝင်ဘာလတုန်းက သရေပွဲအတွက် ချယ်ဆီးတို့ အတော်လေး ကြိုးစားနိုင်ခဲ့တယ်။ ဒါပေမယ့် ချန်ပီယံ ကာကွယ်သူတွေဟာ အဲ့နောက်ပိုင်း ရလဒ်တွေ ဆက်တိုက် ကောင်းနေပြီး ပိုချက်တီနိုရဲ့ အသင်းကတော့ ရလဒ် မတည်ငြိမ်ပါဘူး။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

မန်စီးတီး ၂-ဝ ချယ်ဆီး ဖြစ်ပါတယ်။